တောင်ကိုရီးယား အရှည်ဆုံး ပင်လယ်ရေအောက်ဥမင်လမ်း စတင် အသုံးပြု


03 December, 2021

တောင်ကိုရီးယား အနောက်ကမ်းခြေတွင် ရက်ပေါင်း ၄,၀၀၀ ကျော် (၁၁ နှစ်) ဆောက်လုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျသည့် ပင်လယ်ရေအောက် ဥမင်လမ်း Boryeong Undersea Tunnel ကို  ၂၀၂၁ ဒီဇင်ဘာလ ၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ကမ္ဘာပေါ်ရှိ ပင်လယ်ရေအောက် ဥမင်ကားလမ်းများတွင် ပဉ္စမအရှည်ဆုံးဖြစ်သည်။ ဥမင်အလျား ၆.၉ ကီလိုမီတာ ရှည်ပြီး ဥမင်အလျား၏ ၇၅% ဖြစ်သော ၅.၂ ကီလိုမီတာ သည် ပင်လယ်ရေအောက်တွင် တည်ရှိသည်။

 

Daecheon Port နှင့် Wonsando Island တို့ကို ဆက်သွယ်ထားသည်။  ယခင်က ၁ နာရီ ၃၀ မိနစ် သွားရပြီး ယခု ဥမင်မှ သွားလျှင် ၁၀ မိနစ်သာသာဖြင့် ရောက်သည်။
Boryeong ဥမင်သည် ၄ လမ်း သွား ဥမင်လမ်း ဖြစ်ပြီး အနက်ဆုံးနေရာတွင် မီတာ ၈၀ နက်သည်။ 
Boryeong ဥမင်သည် တောင်ကိုရီးယားတွင် အရှည်ဆုံးဥမင်လမ်း ဖြစ်သည်။
တောင်ကိုရီးယားမှ Incheon North Port Undersea Tunnel ထက် ၅.၄၆ ကီလိုမီတာ ပိုရှည်သည်။ 

ကမ္ဘာပေါ်တွင် အရှည်ဆုံး ပင်လယ်ရေအောက် ဉမင်လမ်းမှာ ဂျပန်နိုင်ငံမှ ၉.၅ ကီလိုမီတာ ရှည်သည့် Tokyo Bay Aqualine ဖြစ်ပါသည်။

လွန်ခဲ့သည့် ၂ နှစ်တုန်းက ပင်လယ်ရေအောက်ဥမင် ဆောက်လုပ်ရေး လုပ်ငန်းခွင် မှတ်တမ်း ဗီဒီယို 

 

 

 

Region Read 703 times