အဆင့်မြင့်တိုက်ခန်း ၄လုံးကို စည်းကမ်းမလိုက်နာသည့်အတွက် ဗုံးခွဲဖြိုချ


20 January, 2020

ဇန်နဝါရီလ ၁၁ ရက်နေ့က အိန္ဒိယတောက်ဘက်ပိုင်းရှိ Kerala ပြည်နယ် Kochi မြို့ Maradu မြို့နယ်မှာရှိတဲ့ ဇိမ်ခံအဆောက်အအုံနှစ်လုံးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး တည်ဆောက်ခဲ့လို့ အိန္ဒိယအစိုးရက ဗုံးခွဲဖြိုချခဲ့တာ ဖြစ်ပါတယ်။

H2O Holy Faith Complex တိုက်ခန်းကို အရင်ဆုံး ဗုံးဖောက်ခွဲ ဖြိုချခဲ့ပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်တွေ ဖုံးလွှမ်းသွားပြီးနောက် မိနစ်ပိုင်းကြာတွင် Alfa Serene မျှော်စင်လည်း ဖြိုချခံခဲ့ရတာ ဖြစ်ပါတယ်။

ဗုံးခွဲဖြိုချမှုနှင့် ပတ်သက်၍ Maradu မြို့နယ်တွင်ရှိသော ဒေသခံပြည်သူများက မိမိတို့အိမ်များပါ ပြိုကျမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရပါတယ်။

အိန္ဒိယအစိုးရ အာဏာပိုင်တွေကတော့ ဗုံးခွဲဖျက်ဆီးရာတွင် ဝါရင့်အင်ဂျင်နီယာတွေ ကိုယ်တိုင်တွက်ချက်ခဲ့ပြီး ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုမရှိကြောင်းနှင့် အနီးအနားရှိ နေထိုင်သူတွေကို ဘေးကင်းရာနေရာသို့ ပြောင်းရွေ့ပေးပြီးမှသာ ဖြိုချခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

Maradu မြို့နယ်တွင် လူပေါင်း ၂၀၀၀ ကျော် နေထိုင်လျက်ရှိပါတယ်။

Global Read 87 times