Bishan HDB တိုက်ခန်းသစ် စင်ကာပူဒေါ်လာ ၁.၂၉၅ သန်းဖြင့် ဈေးနှုန်းစံချိန်သစ်တင်


31 July, 2021

Bishan HDB တိုက်ခန်းကို စင်ကာပူဒေါ်လာ ၁.၂၉၅ သန်းဖြင့် ရောင်းချပြီး ပြန်လည်ရောင်းချမှုဈေးနှုန်းစံချိန်သစ်ကို တင်ခဲ့သည်။

 

 

 

 

အိပ်ခန်း ၂၃ ခန်းနဲ့ ရေချိုးခန်းအိမ်သာ ၂ ခန်း စုစုပေါင်း ၅ ခန်းပါ အိုးအိမ်ဖွံ့ဖြိုးရေးအဖွဲ့ (HDB)အိမ်ရာတိုက်ခန်းကို ယခုလမှာ စင်ကာပူဒေါ်လာ ၁.၂၉၅ သန်းဖြင့် အရောင်းအဝယ်ဈေးတည့်ခဲ့တဲ့အတွက် ယခင်လတုန်းက သက်တမ်း ၄၉ နှစ်ရှိ တိုက်ခန်းကို ရောင်းချစဉ် စံချိန်သစ်တင်ခဲ့တဲ့ စင်ကာပူဒေါ်လာ ၁.၂၆၈ သန်းကို စံချိန်ချိုးလိုက်ပါတယ်။
စင်ကာပူဒေါ်လာ ၁၀,၀၀ ကျော်ဖြင့် ကျော်တက်သွားတာ ဖြစ်ပါတယ်။ 


 

အဆိုပါ အစိုးရအိမ်ရာ တိုက်ခန်းက Block 273A Bishan Street 24 မှာ တည်ရှိပါတယ်။ ကြမ်းခင်းဧရိယာ ၁၂၀ စတုရန်းမီတာ ကျယ်တဲ့ တိုက်ခန်းဖြစ်ပါတယ်။ ရောင်းဖို့အတွက် စာရင်းတင်လိုက်ပြီး သုံးပတ်အကြာမှာ ရောင်းထွက်သွားခဲ့တယ်လို့ အိမ်ခြံမြေလုပ်ငန်း ERA Realtyမှ ကိုယ်စားလှယ် Elson Wang က ပြောကြားခဲ့ပါတယ်။ သူက အရောင်းအဝယ်မှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ 

တိုက်ခန်းက အထပ် ၄၀ ပါ အဆောက်အဦမှ တိုက်ခန်းဖြစ်ပြီး ဘယ်အထပ်က တိုက်ခန်းလဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမဲ့ ၃၅ ထပ်အထက်မှာ ရှိတယ်လို့တော့ ဆိုပါတယ်။ ယခုနှစ် ၂၀၁၁ မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး မှစ် ၉၀ အငှားဂရမ် တိုက်ခန်းဖြစ်တာကြောင့် ဂရမ်အငှားသက်တမ်း ၈၉ နှစ် ကျန်ရှိပါတယ်။ 

အသက် ၃၄ နှစ် ရှိသူ ပွဲစား Mr Wang က တိုက်ခန်းရောင်းချသူက အနည်းဆုံးဈေးကို  စင်ကာပူဒေါ်လာ ၁.၂၇ သန်း လို့ သတ်မှတ်ထားပြီး တေ့တေ့ဆိုင်ဆိုင် ပြောဆိုကြချိန်အထိ သူက ဈေးလျှော့မပေးခဲ့ဘူးလို့ ပြောပြပါတယ်။ စင်ကာပူဒေါ်လာ ၁.၂၇ သန်း နည်းရင် မစဉ်းစားဘူးလို့ Mr Wang ကို ပြောကြားခဲ့ပါတယ်။

ပွဲစားသက်တမ်း ၇ နှစ်ကျော် လုပ်ကိုင်ခဲ့သူ Mr Wang က ဈေးမလျှော့ရင် ရောင်းထွက်ဖို့ ကြာလိမ့်မယ်လို ပြောကြားခဲ့တယ်။ ဘာအကြောင်းကြောင့် ယခုလို ဈေးအမြင့် တောင်းရသလဲဆိုတာအတွက်လည်း ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူး ဖြစ်နေပြီး မျှော်မှန်းဈေးသက်သက်သာ ဖြစ်နေတယ်။ ဒါပေမဲ့ တိုက်ခန်းပိုင်ရှင်က ပိုတိုးပြီး တောင်းဖို့ပဲ အားသန်နေတယ်။ 
ဝယ်ဖို့ စိတ်ဝင်စားသူ ငါးဦးအထိ ရှိခဲ့တယ်။ ဒါပေမဲ့ စင်ကာပူဒေါ်လာ ၁.၂၅ သန်းသာ ပေးတဲ့အတွက် နည်းလွန်းနေတာမို့ ရောင်းဖို့ ငြင်းဆန်ခဲ့တယ်။ ဝယ်ချင်သူတွေ တစ်ဦးပြီး တစ်ဦး ဈေးညှိနှိုင်းရင်း တိုက်ခန်းဈေးက ပိုမြင့်တက်လာခဲ့ပြီး ဝယ်လက်ဘက်ကလည်း ပိုတိုးပေးလာလိုက်တာ စင်ကာပူဒေါ်လာ ၁. ၂၈ သန်း ကို ရောက်လာတယ်။ အကြိမ်ကြိမ် ဈေးပြောကြရင်း နောက်ဆုံးမှာတော့ စင်ကာပူဒေါ်လာ  ၁.၂၉၅ သန်းဖြင့် အရောင်းအဝယ် တည့်သွားခဲ့ကြတယ်လို့ Mr Wang က ပြောပြတယ်။ 

တိုက်ခန်းရောင်းချသူက စင်ကာပူတရုတ်လင်မယားဖြစ်ပြီးအသက် ၅၀ ကျော် အရွယ် ဖြစ်ပါတယ်။ သူတို့မှာ  ကလေးတစ်ယောက်ရှိတယ်။ 
အစိုးရတိုက်ခန်းကို ရောင်းချပြီး ကိုယ်ပိုင်အိမ်ရာမှာ ရွှေ့ပြောင်းနေထိုင်ကြမှာ ဖြစ်ပါတယ်။ 

 

တိုက်ခန်းရောင်းချသူက တိုက်ခန်းအတွင်းပိုင်းကို အကြိမ်ကြိမ် ပြုပြင်ခဲ့တယ်။ စုစုပေါင်း စင်ကာပူဒေါ်လာ ၁၀၀,၀၀ နီးပါး အကုန်အကျခံခဲ့တယ်။ အိမ်အတွင်း အလှဆင်ထားတာ ကောင်းမွန်ပြီး အပြင်ကို ကြည့်လိုက်ရင်ပိတ်ကာနေတာမရှိဘဲ  မျက်စိတစ်ဆုံး မြင်ရတဲ့ မြင်ကွင်းကို ရရှိတယ်။ တည်နေရာကလည်း အချက်အချာကျတယ်လို့ Mr Wang  က ပြောပြပါတယ်။ 
ဧည့်ခန်းနဲ့ ထမင်းစားခန်းတို့က ဝရံတာနဲ့ ကပ်လျက်မှာ ရှိပြီး အပြင်ကို လှမ်းကြည့်လိုက်ရင် မြို့ကို အပေါ်စီးမှ မျက်စိတစ်ဆုံး မြင်ရပါတယ်။

ပွဲခကို ဝယ်သူဘက်မှ တောင်းခံတာမှာ အိမ်ဈေးနှုန်းအရ ပေးချေရမှာ ဖြစ်ဖို့ စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ရှိလိမ့်မယ်လို့ ကြိုပြောထားပေမဲ့ လက်တွေ့မှာ သူမှန်းထားတာထက် နည်းတယ်လို့ Mr Wang က ပြောပြတယ်။ 

 


HDB တိုက်ခန်းတွေ စင်ကာပူဒေါ်လာ ၁ သန်းကျော်ဖြင့် ယခုလအတွင်း ရောင်းချခဲ့တာ ၁၈ ခန်း ရှိခဲ့ပြီး ခုရေအများဆုံး စံချိန်သစ် တင်ထားပါတယ်။ 
စင်ကာပူမှာ DBSS စီမံကိန်း ၁၃ ခု ရှိပြီး ၂၀၀၅ မှ ၂၀၁၂ ခုနှစ်အတွက် တည်ဆောက်ခဲ့တယ်။ အခန်းပေါင်း ၈,၆၄၉ ခန်း ရှိပြီး  အခန်းတိုင်းတော့ ရောင်းဈေး စင်ကာပူဒေါ်လာ တစ်သန်း မရကြပါဘူး။ 
 

Global Public Housing Read 959 times