ကွန်ကရစ်ကောင်းကောင်းရရှိဖို့ ဘယ်လိုရောစပ်ကြမလဲ


05 December, 2020

  ကွန်ကရစ် ကောင်းကောင်း ရရှိနိုင်ရန် ရောသည့် ပစ္စည်းများကို အချိုးမှန် ရောစပ်ရသည်။
           လောလောလတ်လတ် ရောစပ်ထားသော ကွန်ကရစ်မှာ သွန်းပုံ (mould) ထဲသို့ လွယ်ကူစွာ လောင်းနိုင်သည်။ ဤသို့ လောလောလတ်လတ် ရောထားသော ကွန်ကရစ်၏ ဂုဏ်သတ္တိကို လုပ်ကိုင်နိုင်စွမ်း (workability) ဟု ခေါ်သည်။ ကွန်ကရစ်အချိုးတွင် ပါဝင်သော ရေ၏ အလေးချိန်နှင့် ဆက်စပ်နေသော အချိုးအစားကို ရေဘိလပ်မြေအချိုး (Water Cement Ratio) ဟု ခေါ်သည်။ တစ်ခါတစ်ရံ အလေးချိန်နှင့် ပေးနိုင်သည်။

ရေဘိလပ်မြေအချိုး = ရေအလေးချိန်/ဘိလပ်မြေ အလေးချိန် (5 gal/ Bag)


           ကွန်ကရစ်တွင် ပါဝင်သော ဘိလပ်မြေထဲသို့ ရေထည့်သည့် အချိုးအစားမှာ ကွန်ကရစ်၏ အားကို အကြီးမားဆုံး လွှမ်းမိုးမှု ရှိသည်။ ရေမှာ ဘိလပ်မြေနှင့် ဓာတု တုံ့ပြန်မှု ဖြစ်စေသည့် အပြင် ဘိလပ်မြေကို ရောစာများ အကြားရှိ အပေါက်များထဲသို့ ချောဆီသဖွယ် ဝင်ရောက် သယ်ဆောင်ပေးသည်။ ရေနှင့် ဘိလပ်မြေအချိုး ဝ.၅ မှ ဝ.၆ သည် အနိမ့်ဆုံး လုပ်ကိုင်နိုင်စွမ်း ဖြစ်စေရန် သေချာသည်။

           ရေ ဘိလပ်မြေ အချိုး ပိုများပါက ကွန်ကရစ်၏ အားကို လျော့စေသည်။ ဘိလပ်မြေ၊ သဲနှင့် ကျောက်စရစ် သို့မဟုတ် ရောစာတို့၏ အချိုးကို အလေးချိန်နှင့် ထုထည် နှစ်မျိုးလုံးဖြင့် ဖော်ပြကြသည်။ သံကူ ကွန်ကရစ်များတွင် ၁း၂း၄ ဖြင့် ရောစပ်ပြီး ရေမစိမ့်ဝင်စေရန်နှင့် အလွန်အားကောင်းသော ကွန်ကရစ်များ ကို ၁း၁း၂ နှင့် ၁း၁.၅း၃ အသုံးပြုရောစပ်၍ အားမလိုသော ကွန်ကရစ်များအတွက် ၁း၃း၆ နှင့် ၁း၄း၈ အချိုး ဖျော်စပ်ကြသည်။


           မည်သည့် ကွန်ကရစ်မဆို လေပါဝင်မှု ရှိသည်။ သေချာစွာ သိပ်သည်းမှု ပေးထားသော ကွန်ကရစ်တွင် ထုထည်အားဖြင့် ၂%အောက် ပါဝင်နိုင်ပြီး လေပါဝင်မှုနှင့် ပက်သက်သည့် ဂုဏ်သတ္တိအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။


(က) အကယ်၍ ကွန်ကရစ်အပျော့အမာ (consistency) နှင့် ရောစာအရွယ်အစားများ ရောစပ်ပုံ ကို ပုံသေ ထားခဲ့လျှင် ဘိလပ်မြေနှင့် အခြားသေးငယ်သည့် အမှုန်များ ပါဝင်မှု အချိုးအစား နည်းလေလေ၊ လေပါဝင်မှု များလေလေ ဖြစ်သည်။
(၂) ကွန်ကရစ်အရော၏ အချိုးအစား ပါဝင်ပုံနှင့် ရောစာ၏ သွင်ပြင်လက္ခဏာများကို မူသေထားခဲ့လျှင် ဖျော်ပြီးစ ကွန်ကရစ် မာခဲလေလေ သို့မဟုတ် ကွန်ကရစ် အအိနည်းလေလေ လေပါဝင်မှု များလေလေ ဖြစ်သည်။
(၃) လေခိုအောင်းမှုသည် ကွန်ကရစ်အရောတစ်ခုကို ပျော့ပျောင်းစေ၍ လုပ်ကိုင်ရ လွယ်ကူစေသည်။


ဤလေပါဝင်မှုသည် သဘာဝအလျောက် ခိုနေသောလေ သို့မဟုတ် ပိတ်မိနေသောလေပါဝင်မှု နှင့်သာ ပက်သက်၍ လေခိုဓာတုပစ္စည်းထည့်ပြီး တမင်တကာ လေခိုအောင်းစေရန် ပြုလုပ်ထားသော လေနှင့် မတူညီပေ။

Source:Double Rhinos Cement

How To Read 612 times