မြေဧရိယာ ၁၈၃ ဧကပေါ်တွင် BDS Smart City Project အိမ်ရာစီမံကိန်း


16 December, 2020

အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် BDS Smart City Project ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရွှေလီလမ်းနှင့် မြနန္ဒာလမ်းထောင့်ရှိ မြေဧရိယာ(၁၈၃)ဧက ခန့်တွင် BDS Smart City Project ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

BDS Smart City Project ကို အပိုင်း ၁၂ ပိုင်းခွဲကာဆောင်ရွက်သွားမည်ဖြစ်၍ Affordable Housing, High End residential, Shop Lots, Shop House, School, Hospital, Community Centre များနှင့် Mix development project အဖြစ် တည်ဆောက်သွားမည် ဖြစ်သည်။

ထို Project တစ်ခုလုံး၏ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၇၈၂.၇၂ သန်း ကုန်ကျမည်ဖြစ်ပြီး project ကာလသည် ၆ နှစ်မှ ၁၀ နှစ် အထိ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ project တွင် တိုင်းအစိုးရအဖွဲ့အတွက် Net Floor Area (NFA) ၂၄၂,၇၉၉.၅၂ စတုရန်းမီတာနှင့်ညီမျှသည့် အိမ်ခန်းပေါင်း ၃,၈၄၈ ယူနစ် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၂ သန်းကျော်ဆောက်လုပ် ပေးသွားမည်ဖြစ်သည်။

Residential Read 97 times