မြန်မာ အပါအဝင် လေးနိုင်ငံကို ဖြတ်၍ ရထားလမ်းဖောက်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ကြေညာ


01 April, 2019

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ ကတဆင့် ကော့ဘဇာ ခရိုင်ကိုဖြတ်ပြီး မြန်မာ၊ ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့ကို ဖြတ်သန်းပြီး ရထားလမ်းဖောက်မယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေညာလိုက်ပါတယ်။

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ စစ်တကောင်း ဆိပ်ကမ်းမြို့ကနေ ကော့ဘဇာခရိုင်ကို ဆက်သွယ်တဲ့ ရထားလမ်းကိုစတင်နေပြီးဖြစ်ပြီးဘင်္ဂလားဒေ့ရှ် ရထားဝန်ကြီး Nurul Islam Sujon ရဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က ပြောကြားပါတယ်။

          အဲ့ဒီနောက် ကော့ဘဇာ ကနေတဆင့် မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ မလေးရှားကို ဖြတ်သန်းမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အပြီးသတ်မယ်လို ဘင်္ဂလားဒေ့ရှ် ရထားဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

          တရုတ်နိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံကို ဆက်သွယ်ပြီး ကျည်ဆံရထားပြေးဆွဲဖို့စီစဉ်နေပြီး အဲ့ဒီရထားလမ်းဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သွားမှာဖြစ်တယ်လို့ တရုတ်ကောင်စစ်ဝန်က ပြောဆိုလိုက်ပါတယ်။

          ဒါ့အပြင် တရုတ်နိုင်ငံကူမင်းမြို့နဲ့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ကြားမှာ မြန်နှုန်းမြင့်သွားနိုင်မယ့် ရထားလမ်းတစ်ခုကိုတည်ဆောက်မယ်လို့ တရုတ်ကောင်စစ်ဝန်က ၂၀၁၈ ခုနှစ် စက်တင်ဘာလထဲမှာ ပြောဆိုထားတာရှိပါသေးတယ်။

          တရုတ်ဖက်ကပြောတဲ့ ၂၈၀၀ ကီလိုမီတာ ရှည်ရှားမှာဖြစ်ပြီး ရထားလမ်းတလျောက် စက်ရုံတချို့ရှိမှာဖြစ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အတွက်လည်း စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

Global Read 35 times