ဘန်ကောက် မြေအောက်ဥမင်ကားလမ်း လူထုထောက်ခံမှု ရရှိ


06 September, 2023

ဘန်ကောက် မြေအောက်ဥမင်ကားလမ်း လူထုထောက်ခံမှု ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံ အမြန်လမ်း အာဏာပိုင်အဖွဲ့ Expressway Authority of Thailand (EXAT) သည် ဘန်ကောက်မြို့ ဘွန်ကမ်ခရိုင်ရှိ လူစည်ကားသော Kaset-Nawamin လမ်းဆုံကို ဖြတ်သန်းရန် မြေအောက်ဥမင်လိုဏ်ခေါင်းကားလမ်းတစ်ခု ဆောက်လုပ်ရန် အစိုးရအဖွဲ့ထံ အဆိုပြုမည်ဖြစ်သည်။

ခန့်မှန်းကုန်ကျစရိတ်မှာ ဘတ် ၃၆ ဘီလီယံဖြစ်သည်။

ဥမင်လိုဏ်ခေါင်းလမ်းသည် ကားသမားများကို Prasert Manukit လမ်းသို့ လွယ်ကူစွာရောက်ရှိနိုင်စေမည်ဖြစ်သည်။
EXAT အုပ်ချုပ်ရေးမှူး Surachet Laophulsuk က  အဆိုပါလမ်းသည် Outer Ring Road နှင့် တတိယအဆင့် အမြန်လမ်းစနစ်၏ မြောက်ဘက်အပိုင်းသို့ ဦးတည်ထားသည်ဟု ပြောကြားသည်။

ဥမင်လိုဏ်ခေါင်း၏ ဝင်ပေါက်သည် Sirat Expressway နှင့် Ngamwongwan လမ်းဆုံတွင် တည်ရှိမည် ဖြစ်သည်။

မြေအောက် ၆.၇ ကီလိုမီတာ ရှည်လျားသည့် မြေအောက်လမ်းကြောင်းသည် Ngamwongwan Road တစ်လျှောက် ဖောက်လုပ်မည်ဖြစ်သည်။
 
EXAT သည် စီမံကိန်းအတွက် ၎င်း၏ ဒုတိယအကြိမ် လူထုအမြင်သဘောထား ကြားနာပွဲများကို ပြီးစီးခဲ့ပြီဖြစ်သည်။
ရွေးချယ်ထားသော လမ်းကြောင်းအတွက်  ထောက်ခံချက်ရမှတ် ၈၂.၅ မှတ် ရရှိခဲ့သည်ဟ Surachet က ပြောကြားသည်။

 

ဆောက်လုပ်ပြီးစီးပါက ၎င်းဥမင်လိုဏ်ခေါင်းလမ်းသည် ထိုင်းနိုင်ငံ၏ ပထမဆုံး မြေအောက်အမြန်လမ်း ဖြစ်လာမည်ဖြစ်သည်။
ဥမင်လိုဏ်ခေါင်းလမ်းတွင်  လမ်းနှစ်ထပ် ပါဝင်သည်။ လမ်းတစ်ခုစီတွင် ယာဉ်ကြော ၂ ခု ပါဝင်သည်။ လမ်းတစ်ခုစီ၏ အကျယ်မှာ ၁၆ မီတာ ဖြစ်ပါသည်။

မြေအောက်အနက် ၄၄ မီတာတွင် တည်ရှိပြီး လေဝင်လေထွက်စနစ် တပ်ဆင်ထားသည်။ အရေးပေါ် လူထွက်ပေါက် ၄ နေရာ ထားရှိသည်။

EXAT သည် စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု လာမည့်နှစ်တွင် အပြီးသတ်ရန် မျှော်မှန်းထားသည်။
အစိုးရအဖွဲ့ထံ အတည်ပြု ခွင့်ပြုမိန့် ရယူမည် ဖြစ်ပြီး ဆောက်လုပ်ရေးကို ၂၀၂၇ ခုန‌ှစ်တွင် စတင်မည်။ စီမံကိန်းကာလမှာ ၅ နှစ် ဖြစ်ပါသည်။
၎င်းဥမင်လိုဏ်ခေါင်းလမ်း၏ လမ်းတစ်လမ်းသည် တစ်ရက်လျှင် ယာဉ် အစီးရေ ၇ သောင်းဝန်းကျင် အသုံးပြုနိုင်မည်။ လမ်းနှစ်ခု စုစုပေါင်း တစ်ရက်လျှင် ယာဉ်အစီးရေ ၁ သိန်း ၄ သောင်းအထိ အသုံးပြုနိုင်မည်ဖြစ်သည်။
 
 Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Region Read 453 times