ထိပ်တန်းလုပ်ငန်းစုကြီး ၃ခုတို့  ဘန်ကောက်တွင် မဟာစီမံကိန်းကြီးများ အကောင်အထည်ဖော်


16 September, 2023

ထိပ်တန်းလုပ်ငန်းစုကြီး ၃ခုတို့  ဘန်ကောက်တွင် မဟာစီမံကိန်းကြီးများ အကောင်အထည်ဖော်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဘန်ကောက်တွင် ပြန်လည်အသက်ဝင်လာသည့် ဆောက်လုပ်ရေး စီမံကိန်းကြီးများ လှိုင်းထနေသည်။ စီမံကိန်းများကို ထိုင်းနိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီစုကြီးများက ကျောထောက်နောက်ခံ ပြုပေးထားသည်။

ဘန်ကောက်မြို့လယ်ရှိ Lumpini Park အနီးမှ ထိပ်တန်းအိမ်ခြံမြေများပေါ်တွင် ကြီးမားသော ဆောက်လုပ်ရေး စီမံကိန်း One Bangkok ကို အကောင်အထည်ဖော်လျက်ရှိပြီး ကုမ္ပဏီစုကြီး TCC Group က ဦးဆောင်သည်။

 


One Bangkok သည် ထိုင်းနိုင်ငံ ပုဂ္ဂလိကကဏ္ဍ စီမံကိန်းများအနက် အကြီးမားဆုံး စီမံကိန်းများတွင် ပါဝင်သည်။ အသုံးစရိတ် ဘတ် ၁၂၀ ဘီလီယံ လျာထားသည်။
 စီမံကိန်းဧရိယာ ၁၆၇,၀၀၀ စတုရန်းမီတာတွင် ရုံးခန်းတာဝါများ၊ လူနေတိုက်တာ အထပ်မြင့် အဆောက်အဦများ၊ လက်လီအရောင်းဆိုင်များ၊ ကဇာတ်ရုံ၊ Ritz-Carlton ဟိုတယ်တို့ ပါဝင်သည်။
ကိုဗစ်ကြောင့် ဆောက်လုပ်ရေး နှောင့်နှေးနေခဲ့သည်။ စီမံကိန်း ပထမအဆင့် ၂၀၂၄ မတ်လတွင် ဖွင့်လှစ်ရန် ရည်မှန်းထားသည်။ ထိုနောက် တစ်ဆင့် ပြီး တစ်ဆင့် ဖွင့်လှစ်သွားမည် ဖြစ်သည်။

Chang ဘီယာ, Mekhong အရက်နှင့် SangSom အရက် တို့ ထုတ်လုပ်သည့် Thai Beverage  (ThaiBev)ထူထောင်သူ Mr Charoen Sirivadhanabhakdi ထိန်းချုပ်ထားသော TCC Group (Thai Charoen Corporation Group) ၏ လက်အောက်ခံလုပ်ငန်း Frasers Property က One Bangkok စ‌ီမံကိန်းကြီးကို ဦးစီးလုပ်ကိုင်ပါသည်။

နောက်ထပ် ထိုင်းထိပ်တန်း ကုမ္ပဏီစုကြီးတစ်ခု ဖြစ်သော Charoen Pokphand Group သည် C.P. Group ၏ မိခင်ကုမ္ပဏီစု ဖြစ်ပြီး Chearavanont မိသားစုက ပိုင်ဆိုင်သည်။ ၎င်းကုမ္ပဏီစုကြီးက ပိုင်ဆိုင်သည့် Magnolia Quality Development Corporation က ဘန်ကောက် အပြင်ဘက် Samut Prakan တွင် မဟာစီမံကိန်းကြီး Forestias ကို အကောင်အထည်ဖော်လျက် ရှိသည်။ လက်လီအရောင်းဆိုင်များ၊ လူနေတိုက်ခန်းများနှင့် ဟိုတယ်တို့ ပါဝင်သည်။ အသုံးစရိတ် ဘတ် ၁၂၅ ဘီလီယံ လျာထားသည်။ ဂျပန်မှ Sumitomo Mitsui Trust Bank က ရင်းနှီးမြှုပ်နှံသူအဖြစ် စာရင်းဖော်ပြထားသည်။

 

လက်လီမဟာကုမ္ပဏီကြီး Central Group သည် ထိုင်းဟိုတယ်အော်ပရေတာ Dusit International နှင့် လက်တွဲပြီး ကန်ဒေါ်လာ ၁.၃ ဘီလီယံတန် Dusit Central Park စီမံကိန်းကို Si Lom ခရိုင်တွင် အကောင်အထည်ဖော်နေသည်။ ၂၀၂၄ နှစ်လယ်ပိုင်း ဖွင့်လှစ်ရန် လျာထားသည်။ ပြန်တည်ဆောက်သည့် Dusit Thani Bangkok ဟိုတယ် ပါဝင်သည်။

One Bangkok နှင့် Dusit Central Park တို့၏ စီမံကိန်းဧရိယာသည် တော်ဝင်မိသားစုပိုင် မြေကို ငှားရမ်းပြီး ဆောက်လုပ်ခြင်း ဖြစ်ပါသည်။

Source Asia Nikkei
 

Real Estate & Properties Read 377 times