ဘန်ကောက် ရုံးခန်းအသစ်များ ၂ နှစ်အတွင်း စတုရန်းမီတာ ၁ သန်းခွဲ တိုးမည်


27 August, 2023

ဘန်ကောက် ရုံးခန်းအသစ်များ ၂ နှစ်အတွင်း စတုရန်းမီတာ ၁ သန်းခွဲ တိုးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လာမည့်နှစ်နှစ်အတွင်း ဘန်ကောက်တွင် ရုံးခန်းအသစ်များ ၂ နှစ်အတွင်း စတုရန်းမီတာ ၁ သန်းခွဲ တိုးလာမည်ဖြစ်ပြီး ရုံးခန်းအငှားချသူများအပေါ် သက်ရောက်မှု ရှိမည် ဖြစ်သည်။

ထိုင်းစတော့အိပ်ချိန်း စာရင်းဝင် တိုက်တာဖွံ့ဖြိုးရေးလုပ်ငန်း  Grand Canal Land ၏ ခေတ္တဘဏ္ဍာရေးအရာရှိချုပ် Ponpinit Upathamp က ရုံးခန်းအသစ် အများစုသည် Rama IV လမ်းမကြီးပေါ်ရှိ စီးပွားရေးအချက်အချာကျသောနေရာ central business district (CBD) တွင် ဖြစ်သည်ဟု ဆိုသည်။

"ရုံးခန်းအသစ်တွေက မဝေးတော့တဲ့ အနာဂတ်မှာ ရုံးခန်းအငှား ဈေးကွက်တစ်ခုလုံးကို သက်ရောက်မှု ရှိလိမ့်မယ်"ဟု ၎င်းက ပြောကြားသည်။

ဘန်ကောက်ရုံးခန်းအငှားဈေးကွက်သည် ရုံးခန်း နေရာအကျယ်အဝန်း အသုံးပြုပုံ အလေ့အထ အပြောင်းအလဲများကို မြင်တွေ့နေရသည်ဟု ၎င်းက ဆိုသည်။
အထူးသဖြင့် ငွေကြေးလုပ်ငန်းကဏ္ဍနှင့် နည်းပညာကဏ္ဍများမှ ရုံးခန်းငှားရမ်းသူများအကြား တွေ့ရသည့် ပုံစံမှာ "သူတို့က ရုံးခန်းနေရာကျဉ်းကျဉ်းကို သုံးစွဲတဲ့ မဟာဗျူဟာကို ခံယူကျင့်သုံးကြတယ်"ဟု ၎င်းက ပြောကြားသည်။
"အဲဒါက ဈေးကွက်ထဲ ရုံးခန်းငှားတဲ့သူတွေကို သက်ရောက်ပါတယ်။ မငှားရတဲ့ နေရာအလွတ်တွေ ပိုများလာစေပါတယ်" ဟု Mr Ponpinit က ပြောကြားသည်။
Grand Canal Land ၏ အငှားရရှိသည့် ရုံးခန်းများ ရာခိုင်နှုန်း လျော့ကျလာသည်။ ယခုနှစ် ပထမ၃လပတ်တွင် ၈၇% အငှားရခဲ့ပြီး ဒုတိယ၃လပတ်တွင် ၈၄% သို့ လျော့ကျသည်။ ၂၀၂၂ နှစ်လယ်တွင် ၉၁%၊ နှစ်ကုန်တွင် ၉၀% ရှိခဲ့သည်။

တာဝါတိုက်တာများ ဖြစ်ကြသည့်  G Tower, The Ninth Tower, Unilever House တို့သည်  CentralPlaza Grand Rama IX အနီးတွင် တည်ရှိသည်။ Ratchadaphisek နှင့် Rama IX လမ်းမှ  Phra Ram 9 MRT ဘူတာရုံနှင့်လည်း နီးသည်။ တာဝါတိုက်တာ ၃ ခုတွင် ငှားရမ်းရန် ရုံးခန်းဧရိယာ စုစုပေါင်း စတုရန်းမီတာ ၂၄၅,၀၀၀ ရှိသည်။
"ငှားတဲ့သူတွေမှာ အများစုက ရုံးခန်းကျဉ်းကျဉ်းပဲ လိုအပ်ကြတယ်။ သူတို့က စာချုပ်သက်တမ်းတိုးပြီး ဆက်ငှားကြတာ များတယ်။ သွားရေးလာရေး အဆင်ပြေတဲ့နေရာမျိုး ဖြစ်နေလို့ သူတို့ရဲ့ ဝန်ထမ်းတွေအတွက် အဆင်ပြေအောင် စီစဉ်ပေးကြတာ ဖြစ်ပါတယ်" ဟု Mr Ponpinit က ပြောကြားသည်။
ရုံးခန်းများအတွက် အချက်အချာ မကျသော နေရာမျိုးတွင် အငှားရသည့် ရုံးခန်း ရာခိုင်နှုန်းမှာ ၂၀၂၃ ခုနှစ် ဒုတိယ၃ လပတ်တွင် ၇၉% သာ ရှိသည်ဟု တိုက်တာပိုင်ဆိုင်မှု အကြံပေးလုပ်ငန်း Knight Frank (Thailand) က အချက်အလက် ထုတ်ပြန်သည်။
ပျမ်းမျှ ငှားရမ်းခမှာ CBD ဧရိယာတွင် တစ်စတုရန်း မီတာလျှင် ၇၂၃ ဘတ်ဖြစ်ပြီး CBD မဟုတ်သော ဧရိယာတွင် ၆၆၃ ဘတ် ဖြစ်သည်။ ယေဘုယျအားဖြင့် ဈေးနှုန်းတည်ငြိမ်နေသည်။

အငှားရုံးခန်းများသည် အသစ်ထပ်တိုးနေသည်။ ၂၀၂၃ နှစ်ကုန်တွင် ၃၆၈,၀၀၀ စတုရန်းမီတာ ထပ်တိုးမည်။ ၂၀၂၄ နှစ်ကုန်တွင် ၄၈၀,၀၀၀ စတုရန်းမီတာ ထပ်တိုးမည်။ ၂၀၂၅ နှစ်ကုန်တွင် ၃၀၂,၀၀၀ စတုရန်းမီတာ ထပ်တိုးမည်ဖြစ်ပြီး စုစုပေါင်း စတုရန်းမီတာ ၁.၅၉ သန်းသို့ ရောက်ရှိမည်။ 

 


Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 279 times