ဘန်ကောက် ကွန်ဒိုဈေးနှုန်းများ ဆက်လက်မြင့်တက်


17 January, 2024

ဘန်ကောက် ကွန်ဒိုဈေးနှုန်းများ ဆက်လက်မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဘန်ကောက် ကွန်ဒိုဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည်။ စူခွန်ဗစ် Sukhumvit အောက်ပိုင်းတွင် ဈေးမြင့်တက်သည့် ပမာဏ အများဆုံး ဖြစ်သည်။
အနီးဝန်းကျင် ပြည်နယ်များတွင် ရောင်းမထွက်သေးသည့် ကွန်ဒိုတိုက်ခန်းများ အများအပြား ကျန်ရှိနေသဖြင့် ဈေးကျသည်။

ဘန်ကောက်တွင် ရောင်းချမည့် ကွန်ဒိုအခန်းသစ်များ၏ ဈေးနှုန်းအညွှန်းကိန်းများသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်မှစ၍ သုံးလပတ် ၄ ခု
ဆက်တိုက်  ယမန်နှစ်ထက် ဈေးပိုမြင့်တက်လာခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ ယာယီညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပြောကြားသည်။ 

"ဘန်ကောက်ရှိ ကွန်ဒိုစျေးနှုန်းအညွှန်းကိန်း အတက်ဘက်မှာ ရှိနေပါတယ်။ အသိသာဆုံး ဈေးမြင့်တက်တဲ့ ဧရိယာက စူခွန်ဗစ် အောက်ပိုင်း ဖြစ်ပါတယ်။ 
 အထူးခြားဆုံး တိုးလာ သော ဧရိယာသည် Sukhumvit အောက်ပိုင်း ဖြစ်ပါတယ်။ ဈေးနှုန်းတွေက ဘတ် ၇.၅၁ သန်းကနေ ဘတ် ၁၀ သန်းအထိ ရှိပါတယ်"ဟု ၎င်းက ပြောကြားသည်။ 

ဒုတိယ အများဆုံး ဈေးတက်သည်မှာ သွန် ဘူရီ Thon Buri ဧရိယာဖြစ်ပြီး ဘတ် ၃.၀၁ သန်းမှ ဘတ် ၅ သန်းအထိ ဈေးပေါက်နေသည်။
လတ်ဖရို- ဝမ်သောင်လန်- ဘန် ကပီ Lat Phrao-Wang Thong Lang- Bang Kapi ဧရိယာတွင်လည်း ဘတ် ၃.၀၁ သန်းမှ ဘတ် ၅ သန်းအထိ ဈေးပေါက်နေသည်။

မဟာဘန်ကောက် Greater Bangkok (နွမ်သာဘူရီ၊ စပတ်ပရာကန်၊ ဘန်ကောက် Bangkok, Nonthaburi, Samut Prakarn)တွင် ကွန်ဒိုအခန်းသစ် ဈေးနှုန်းအညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၁၅၄.၃ သို့ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၂.၇% ပိုများသည်။

ထိုသို့ မြင့်တက်ရသည်မှာ ဘန်ကောက်မှ ဈေးနှုန်းများကြောင့် ဖြစ်သည်။ ကျန်သည့် အနှီးဝန်းကျင် ပြည်နယ်များ ဖြစ်သည့် နွမ်သာဘူရီ၊ စပတ်ပရာကန်တို့တွင် ကွန်ဒိုအခန်းအသစ်များ၏ ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်စတုတ္ထသုံးလပတ်ကတည်းက စ၍ ကျဆင်းခဲ့သည်။ ယခုအခါ ဈေူကျဆင်းနေသည်မှာ သုံးလပတ် ၅ ခု ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ 
၂၀၂၁ ခုနှစ်မှာ စတင်ခဲ့ကြသော စီမံကိန်းများတွင် ရောင်းမထွက်သေးသည့် ကွန်ဒိုအခန်းများ အများမပြား ကျန်နေသေးသဖြင့် ဈေးကျဆင်းနေသည်။
၎င်းကွန်ဒိုများသည် ဆောက်လုပ်ရေး ပစ္စည်းများ၊ လုပ်သားခများ ဈေးမတက်ခင်က ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သဖြင့် ဈေးအဟောင်း ဈေးအနိမ့်ဖြင့် ရောင်းချပေးနိုင်ကြသည်။ 
REIC ၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် စမွတ်ပရာကန်နှင့် နွန်သဘူရီရှိ ကွန်ဒိုစျေးနှုန်း အညွှန်းကိန်းသည် ၁၄၁.၂ ဖြစ်ပြီး ၂၀၂၂ ခုနှစ်ထက် ၀.၉% လျော့ကျသည်။
ဈေးအလျော့ကျဆုံး ဧရိယာမှာ Muang Samut Prakan-Phra Pradaeng-Phra Samut Chedi ဖြစ်ပြီး ကွန်ဒိုအခန်းဈေးနှုန်းများမှာ ဘတ် ၁.၀၁ သန်းမှ ၁.၅ သန်းအထိ ဖြစ်သည်။
 Muang Nonthaburi-Pak Kret တွင် ဘတ် ၂.၀၁ သန်းမှ ၃ သန်းအထိ ရှိသည်။
Bang Phli-Bang Bo-Bang Sao Thong တွင်လည်း ဘတ် ၂.၀၁ သန်းမှ ၃ သန်းအထိ ရှိသည်။
 in a price range of between 2.01-3 million 
၎င်းဧရိယာများတွင် ကွန်ဒိုအခန်း လက်ကျန်များ များနေသဖြင့် အပြိုင်အဆိုင် ရောင်းချနေကြပါသည်။

Bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Real Estate & Properties Read 386 times