ဘန်ကောက် ကွန်ဒိုဈေးကွက် အဝယ်အေး


23 November, 2023

ဘန်ကောက် ကွန်ဒိုဈေးကွက် အဝယ်အေး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNE


ဘန်ကောက်ကွန်ဒိုဈေးကွက်သည် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် နှေးကွေးသွားခဲ့သည်။
၂၀၂၁ တတိယသုံးလပတ်နောက်ပိုင်း ဝယ်ယူသည့် ကွန်ဒိုတိုက်ခန်း အသစ်များ အရေအတွက် အနည်းဆုံး ဖြစ်ခဲ့ပြီး ရောင်းချမည့် ကွန်ဒိုတိုက်ခန်း အသစ်များ တိုးလာသည့် ပမာဏသည်လည်း အနည်းဆုံး ဖြစ်ခဲ့သည်။

၂၀၂၁ တတိယ၃လပတ်တွင် ကွန်အသစ် စုစုပေါင်း ယူနစ် ၂,၃၁၂ ထပ်တိုးခဲ့ပြီး ၈၉၇ ယူနစ် ရောင်းချခဲ့ပါသည်။

အိမ်ခြံမြေအတိုင်ပင်ခံ Knight Frank Thailand က ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ရောင်းချမည့် ကွန်ဒိုအသစ် တိုးသည့် အရေအတွက် စုစုပေါင်းယူနစ် ၅,၃၆၇ ရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့သည်။
ရောင်းချခဲ့သည့် ကွန်ဒိုအရေအတွက် စုစုပေါင်းယူနစ် ၂,၁၁၇ ရှိခဲ့ပါသည်။

 

အိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ခေတ္တညွန်ကြားရေးမှူးချုပ် Vichai Viratkapan က ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းများသည် ကွန်ဒိုတိုက်ခန်းသစ်များ မိတ်ဆက်ရောင်းချမှုများကို လျှော့ချခဲ့ကြသည်ဟု ပြောကြားသည်။
အထူးသဖြင့် အနိမ့်ပိုင်းစျေးနှုန်း အပိုင်းအကန်ဘများတွင် ဖြစ်သည်။ ၎င်းအပိုင်းအကန့်ရှိ ဝယ်သူများသည် ကွန်ဒိုတိုက်ခန်း ဝယ်ယူရန် အခက်အခဲများ ရင်ဆိုင်နေကြရသည်။
အဓိက အကြောင်းရင်းတချက်မှာ အိမ်ရာချေးငွေအတွက် အတိုးနှုန်းများ တိုးမြှင့်ခြင်း ဖြစ်သည်။
 ၎င်းအပိုင်းအကန့်အတွက် ဝယ်ယူသူများသည် အိမ်ရာချေးငွေ ရဖို့ အပေါင်ထားသည်ကို စိစစ်ရာ၌ အပယ်ခံရသည်က များနေသည်။ ထိုသို့ ဖြစ်ကြုံနေသဖြင့် အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများက ၎င်းအပိုင်းအကန့်အတွက် ကွန်ဒိုတိုက်ခန်းအသစ်များ ဆောက်လုပ်ခြင်းကို လျှော့ချထားသည်။

ကွန်ဒိုတိုက်ခန်းအသစ်များ ဈေးကွက်ထဲ ထပ်ဝင်လာသည်က ဝယ်လိုအားထက် နည်းနေသဖြင့် ကွန်ဒိုတိုက်ခန်းအသစ်များ ဈေးနှုန်း မြင့်တက်သည်ဟု Knight Frank Thailand. က ဆိုသည်။

ဈေးကွက်ထဲ ထပ်ဝင်လာသည့် တိုက်ခန်းအသစ်များတွင် ၇၆% သည် ဘန်ကောက်၏ ဆင်ခြေဖုံးရပ်ကွက်များတွင် တည်ရှိသည်။ စီးပွားရေးအချက်အချာကျသော ခရိုင် ၁၆% နှင့် မြို့စွန်ဧရိယာ ၈% ရှိသည်။

အတန်းအစားအရ ကြည့်လျှင်  ၅၂%  သည် ဘီဂရိတ် ဖြစ်သည်။ ဈေးနှုန်းများမှာ တစ်စတုရန်းမီတာ ဘတ် ၈၀,၀၀၀ မှ ၁၄၉,၉၉၉ အထိ အတွင်းမှာ ဖြစ်သည်။
၄၇% သည် စီဂရိတ် ဖြစ်သည်။ ဈေးနှုန်းများမှာ တစ်စတုရန်းမီတာ ဘတ် ၇၉,၉၉၉ နှင့်အောက် ဖြစ်သည်။
 
အေဂရိတ် ၁% သာ ရှိသည်။  ဈေးနှုန်းများမှာ တစ်စတုရန်းမီတာ ဘတ် ၁၅၀,၀၀ နှင့်အထက် ဖြစ်သည်။

မဟာဘန်ကောက်မြို့ကြီးရှိ ကွန်ဒိုများအတွက် ရောင်းလိုအား၊ ဝယ်လိုအားနှင့် အရောင်း‌ဈေးနှုန်း
 

 

Knight Frank Thailand ၏ ပရောဂျက်စျေးကွက်ရှာဖွေရေး အကြီးအကဲ Potjaman Vorakitpokathorn က တတိယသုံးလပတ်တွင် ကွန်ဒိုအသစ်များကို အဓိကဝယ်ယူသူများသည် ထိုင်းလူမျိုးများဖြစ်ကြောင်း၊ အများအားဖြင့် ဈေးအမြင့်တန်း အပိုင်းအကန့်တွင် ဖြစ်သည်ဟု ပြောကြားသည်။
နိုင်ငံခြားဝယ်လက် အရေအတွက်မှာ အတော်လေးနည်းသည်ဟု Ms Potjaman က ပြောသည်။

"နေဖို့အတွက် ရည်ရွယ်တဲ့သူတွေက ဆောက်လုပ်ပြီးစီးတဲ့ စီမံကိန်းတွေကိုပဲ စိတ်ဝင်စားတယ်။ ဘာလို့လဲဆိုတော့ မဝယ်ခင်မှာ အခန်းတွေကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်တယ်။ အခန်းတွေ အခင်းအကျင်းကို ကြည့်ချင်တယ်"ဟု သူမက ပြောကြားသည်။

‌အိမ်ရာချေးငွေ စိစစ်ရာတွင် တင်းကျပ်ခြင်း၊ အတိုးနှုန်း မြင့်ခြင်းတို့ကြောင့် အချို့က မဝယ်တော့ဘဲ ငှားရမ်းကြသည်။ သို့ဖြစ်ရာ ကွန်ဒိုတိုက်ခန်း အငှားဈေးကွက် အခြေအနေများ ကောင်းနေစေသည်ဟု Ms Potjaman က ပြောသည်။

Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNE

Residential Read 349 times