မဟာတံတိုင်းအောက်မှ ကမ္ဘာ့အကြီးဆုံး အနက်ဆုံး မြေအောက်ဘူတာရုံ


08 February, 2022

မဟာတံတိုင်းအောက်မှ ကမ္ဘာ့အကြီးဆုံး အနက်ဆုံး မြေအောက်ဘူတာရုံ

တရုတ်နိုင်ငံ ဘီဂျင်းမြို့တော်နဲ့ ဂျန်းဂျာခိုမြို့တို့အကြား ပြေးဆွဲတဲ့ ကျည်ဆံရထားက မောင်းသူမဲ့ရထား ဖြစ်ပါတယ်။ ၅၆ မိနစ်ခရီးမှာ Badaling Great Wall ဘူတာရုံ ကို ဖြတ်သန်းပါတယ်။ 

Badaling Great Wall ဘူတာရုံ ကို ၂၀၁၉ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

 

ဘူတာရုံတည်နေရာက သမိုင်းဝင် မဟာတံတိုင်းကြီးရဲ့ Badaling အပိုင်းဝင်‌ေပါက်နဲ့ ခဲတစ်ပစ်စာပဲ ဝေးပါတယ်။
Badaling က ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နေရာ UNESCO World Heritage site ဖြစ်ပါတယ်။
ဘာအကြောင်းနဲ့မှ အထိခိုက်ခံလို့မရတဲ့ သမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။
အဲဒါကြောင့် ထိခိုက်မှု မရှိအောင် ဘူတာရုံကို မြေအောက်အနက် တော်တော်နက်တဲ့ နေရာမှာ တည်ဆောက်ခဒ့ကြပါတယ်။ 

၁၀၂ မီတာ (၃၃၅ ပေ) အနက်မှာ တည်ဆောက်ထားပြီး ကြံခင်းဧရိယာ ၃၆,၀၀၀ စတုရန်းမီတာ ရှိပါတယ်။
ရထားလမ်းအတွက် ၁၂ ကီလိုမီတာ (၇.၄၅ မိုင်) ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်းကိုလည်း ထည့်သွင်း တည်ဆောက်ရပါတယ်။

မိုင်းခွဲဖို့ အီလက်ထရွန်းနစ် စနက်တံကို သုံးစွဲပါတယ်။ မီလီစက္ကန့်အထိ အချိန်တိတိကျကျဖြင့် မိုင်းခွဲပေးနိုင်ပါတယ်။ တရုတ်နိုင်ငံမှ ပထမဆုံးအနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
တုန်ခါမှုအလျင်က တစ်စက္ကန့် ၀.၂ စင်တီမီတာ အောက်မှာပဲ ရှိပါတယ်။ ဂရိတ်ဝေါ မဟာတံတိုင်းပေါ်  ခြေတစ်ဖက်ချသလောက်သာ ပြင်းထန်မှု သက်ရောက်ပါတယ်။ 

 

၂၀၁၆ မှာ ဥမင်လိုဏ်ခေါင်းနှင့် ဘူတာရုံတို့ကို စတင်ဆောက်လုပ်ပါတယ်။ ပြီးစီးဖို့ အချိန် ၃ နှစ်ကြာခဲ့ပါတယ်။

 မြို့တော်ဘီဂျင်းမှ Badaling Great Wall ဘူတာရုံ ခရီးကို ကားဖြင့် ယာဉ်ကြောမကျပ် လမ်းရှင်းတယ်ဆိုရင် ၁ နာရီခွဲ ကြာပါတယ်
  မြန်နှုန်းမြင့် ကျည်ဆံရထားက ၂၇ မိနစ်သာ ကြာပါတယ်။
  Great Wall ကောင်းကင်ကေဘယ်ရထား ဘူတာရုံနဲ့ Badaling Great Wall ဘူတာရုံ က မီတာ ၈၀၀ ‌ခန့်(မိုင်ဝက်ခန့်) ကွာဝေးပါတယ်။ 
  အဲဒီမှာ တရုတ်ပြည်ရဲ့ ဒုတိယအရှည်လျားဆုံး စက်လှေခါး (အလျား ၈၈ မီတာ၊ အမြင့် ၄၂ မီတာ) လည်း ရှိပါတယ်။

ပြေးဆွဲတဲ့ ရထားက ၁၀၈ မိုင်ဝေးကွာတဲ့  ဘီဂျင်း-ဂျန်းဂျာခို ရထားလမ်းပိုင်းကို ပြေးဆွဲပါတယ်။ မြန်နှန်းမြင့် electric multiple-unit (EMU) ရထားဖြစ်ပြီး နိုင်ငံပိုင်လုပ်ငန်းစုကြီး China State Railway Group မှ ရထားကို တည်ဆောက်ပြေးဆွဲပါတယ်။ မောင်းသူမဲ့ရထားက တစ်နာရီ ကီလိုမီတာ ၃၅၀ (၂၁၇ မိုင်) အထိ မြန်ပါတယ်။

 

 

Infrastructure and Zones Read 716 times