ကချင်ပြည်နယ် ဗန်းမော်မြို့တွင်တည်ဆောက်မည့် အဆင့်မြင့်ကားကြီးဝင်း


14 August, 2019

သယ်ယူပို့ ဆောင်ရေးနှင့် စီးပွားရေးဇုန်စီမံကိန်း (အဆင့်မြင့် ကားကြီးဝင်း)ကို ကချင်ပြည်နယ် ဗန်းမော် မြို့တွင် ၂၀၁၉ အောက်တိုဘာလတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်း ပထမပိုင်း တွင် Express နှစ်ထပ်ဆောင် ကားဂိတ် ၂၆ ဂိတ်၊ နှစ်ထပ် လူနေ ဆိုင်ခန်း ၆၃ ခန်း၊ နှစ်ထပ် ယာဉ် ငယ်ဂိတ် ၄၂ ဂိတ်၊ သုံးထပ်ဟိုတယ် နှင့် ဆိုင်ခန်း (မြေညီထပ် Hall Type ဆိုင်ခန်း၊ ပထမထပ်နှင့် ဒုတိယထပ် ဟိုတယ်)၊ ယာဉ်ရပ်နားရာ ၁၈၄ ခု၊ Express ယာဉ်ရပ်နားနေရာ ၄၂ ခု ပါရှိမည်ဖြစ်ပြီး စီမံကိန်းဒုတိယပိုင်းတွင် ကုန်ကားကြီး ရပ်နားရာ နေရာ ၃၀၄ ခု၊ ဂိုဒေါင် အခန်း ၅၀ ပါရှိကာ စီမံကိန်းတတိယပိုင်းတွင် သစ်သီးပွဲ ရုံနှင့် ကုန်ပစ္စည်း လက်လီလက်ကားဇုန်၊ ကားဝပ်ရှော့၊ စက်သုံး ဆီဆိုင်၊ ရေဆေးဆီလိုက်၊ ကုန်ကားကြီးဝင်းနှင့် ဂိုဒေါင်များ ပါရှိမည်ဖြစ်သည်။

ယင်းစီမံကိန်းအတွက် ကုမ္ပဏီက နှစ် ၅၀ လုပ်ကိုင် ခွင့်ရရှိမှာဖြစ်ကြောင်း၊ ရရှိလာတဲ့ အကျိုးအမြတ်ပေါ် မူတည်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့်ဗန်းမော်မြို့ဖွံ့ဖြိုးရေးအတွက် ခွဲဝေပေးရမည်ဖြစ်ကြောင်းသိရသည်။

သယ်ယူပို့ဆောင်ရေးနှင့်စီးပွားရေးဇုန်စီမံကိန်း (အဆင့်မြင့် ကားကြီးဝင်း)ကို ဗန်းမော်မြို့သုံးမိုင်-ရွှေပြည် သာကွက်သစ်ရှိ မြေဧက ၃၀ ဒသမ ၄၉ ဧကပေါ်၌ ဆောင်ရွက်မည်ဖြစ်ပြီး စိန်မောင်နှမကုမ္ပဏီက နှစ် ၅၀ အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တာဝန်ယူထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းသိရသည်။

Region Read 56 times