ဧရာဝဏ် အိမ်ရာ စီမံကိန်းတွင် အိမ်ရာ ရှစ်ခုထပ်ဆောက်ရန် စီစဉ်


17 November, 2020

ရန်ကုန်တိုင်းဒေသကြီးဒဂုံ(ဆိပ်ကမ်း)မြို့နယ်အတွင်း ဧရာဝဏ်အိမ်ရာစီမံကိန်း၌ အိမ်ရာ၁၁ခု တည်ဆောက်ရန်လျာထားရာတည်ဆောက်ရန် ကျန်နေသေးသည့်

အိမ်ရာရှစ်ခုကို မကြာမီ ဆက်လက်တည်ဆောက်ရန်စီစဉ်ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ သိရသည်။

အဆိုပါစီမံကိန်းတွင် မြေဧက ၂ဝဝ အကျယ်ရှိပြီး လတ်တလောတွင် ရတနာနှင်းဆီ အိမ်ရာအားဖွင့်လှစ်နိုင်သကဲ့သို့ အိမ်ရာနှစ်ခုကိုဆက်လက်တည်ဆောက်လျက်ရှိသည်။

တည်ဆောက်ရန် ကျန်နေသေးသည့် အိမ်ရာရှစ်ခုကို ရွှေတောင်ဖွံ့ဖြိုးရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။ထိုစီမံကိန်းတွင် အဆင့်မြင့်အိမ်ရာများကို တည်ဆောက်ရန်ရှိသေးကြောင်း သိရသည်။

ထိုဧရာဝဏ်အိမ်ရာစီမံကိန်းသည် မူလ စီမံကိန်းတွင် အဆောက်အအုံ ၄၉လုံးနှင့် အခန်းပေါင်း ၁၆ဝဝဝကျော်ပါဝင်မည်ဟုမှန်းထားသော်လည်း နောက်ပိုင်းတွင် စျေးကွက်လိုအပ်ချက်အရ

ယခုကဲ့သို့ အိမ်ရာများ တိုးချဲ့တည်ဆောက်ရန်စီစဉ်ထားကြောင်း သိရသည်။

ထိုအိမ်ရာစီမံကိန်းတည်ဆောက်ပြီးစီးရန် အနည်းဆုံး သုံးနှစ်ကျော်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။အိမ်ရာတည်ရှိရာ ရတနာလမ်းကိုလည်း ခြောက်လမ်းသွားအထိ အဆင့်မြှင့်တင်ရန်ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် လမ်းစနစ်များ၊ရေရရှိမှုစနစ်များအတွက် တစ်ဆင့်ချင်းစီအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Local Public Housing Read 62 times