ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားကျင်းပ


16 November, 2019

ပုသိမ်မြို့ ပုသိမ်စက်မှုမြို့တော် စီမံကိန်း ဧရိယာအတွင်းတွင် အပြည်ပြည်ဆိုင်ရာစက် မှုဆိပ်ကမ်းတစ်ခုအား တည်ဆောက်နိုင်ရန်အတွက် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်-ငပုတောကားလမ်းအနီးရှိ မြေ ဧရိယာ ၆၇၀၀ ပေါ်၌ ဧရာဝတီဖွံ့ဖြိုးတိုးတက် ရေးအများပိုင်ကုမ္ပဏီလီမိတက်မှ လုပ်ဆောင်နေသည့် ပုသိမ်စက်မှုမြို့တော်စီမံကိန်း အတွင်းတွင် စက်မှုမြို့တော်စီမံကိန်းအတွင်းရှိစက်ရုံများမှ ကုန်စည်များပို့ဆောင်ရန် နှင့် ဒေသထွက်ကုန်ပစ္စည်းများတင်ပို့ရောင်း ချနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာစက်မှု ဆိပ်ကမ်းတစ်ခုကိုစတင်တည်ဆောက်နေ ပြီဖြစ်ကြောင်း၊

စက်မှုဆိပ်ကမ်းတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာသန်း၂၀၀ ခန့်အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မီတာ ၇၀၀ ခန့်အထိ ကျယ်ဝန်းကာ တစ်နှစ်လျှင် TEU ကွန်တိန်နာပေါင်း သုံးသိန်းခန့်အထိ ကူးသန်းသွားလာနိုင်မည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ဆိပ်ကမ်းကတော့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းပေါ့နော်။ ကျွန်တော်တို့က One Stop Services ပေးနိုင်မယ့် ဆိပ်ကမ်းမျိုးဖော်ဆောင်သွားမှာပါ။ One Stop Services ဆိုတာ ဘာတွေပါလဲဆိုတာ ကျွန်တော်တို့ ထောက်ပံ့ပို့ဆောင်ရေးပေါ့။သယ်ယူပို့ဆောင် ရေးစနစ်တွေပါမယ်။ ပြီးတော့ ကုန်သိုလှောင် ရုံတွေပါတယ်။ ပြီးတော့ ကွန်တိန်နာရပ်တွေ ပါတယ်။ ပြီးတော့ တစ်ခါတည်းအကောက်ခွန် ပေးဆောင်လို့ရမယ်ပေါ့နော်။ အကောက်အခွန်ပေးဆောင်မှုကိုပါ ပုသိမ်မှာတစ်ခါတည်း လုပ်ပြီးတော့ နိုင်ငံတကာကို ကုန်တွေတင်ပို့ ရောင်းချလို့ရမယ်။ ပြီးတော့ နိုင်ငံတကာက နေကုန်ကြမ်းတွေကို သက်သက်သာသာနဲ့ တင်သွင်းလို့ရမယ်ပေါ့နော်။

ဆိပ်ခံတံတားကတော့ မီတာ ၇၀၀ လောက် ကျယ်မယ်ပေါ့နော်။အကုန်လုံးပြီးသွားရင် ဖြစ်လာမယ့်အရာပါ။ အခုမီတာ ၇၀၀ ကျယ်တဲ့ဟာက ဓာတ်ငွေ့ တန်ချိန် တစ်သောင်းခွဲကနေ နှစ်သောင်း အထိ ဆိုက်ကပ်နိုင်မယ့် ရေယာဉ်ကြီးတွေ ဆိုက်ကပ်နိုင်မယ့် ခံနိုင်ရည်ရှိမယ့် ဒီဇိုင်းဆွဲပြီး တော့ လုပ်ဆောင်နေတာပါ။

ပြီးတော့ TEU ပေါ့ TEU ကွန်တိန်နာပေါင်းကို ကျွန်တော်တို့ က တစ်နှစ်ကို လုပ်ငန်းအားလုံးပြီးသွားတဲ့ အချိန်မှာ သုံးသိန်းအထိပေါ့နော်။ ကူးသန်းသွားလာနိုင်မယ့်ဟာမျိုး ဒီဇိုင်းရေးဆွဲထား တာပါ။ ပြီးတော့ ပုသိမ်ဟာလို့ရှိရင် ကိုလိုနီ ခေတ်ထဲ ကနေပေါ့။ အစတည်းက မြန်မာနိုင်ငံ ရဲ့ ပထမဆုံးဆိပ်ကမ်းနေရာအနေနဲ့ ရွေးချယ် ခဲ့တဲ့ မြို့တစ် မြို့ဖြစ်ပါတယ်။ အဲဒီကနေဆန် တွေ တန်ချိန်ပေါင်းများစွာနောက် ကောက်ပဲ သီးနှံပေါ့နော်။

ပဲပြောင်းတွေကို ရေထွက် ပစ္စည်းတွေကိုတန်ချိန်ပေါင်းများစွာ ဒီကနေ ပုသိမ်မြစ်ကနေ တစ်ဆင့်နိုင်ငံတကာကို တင် ပို့ဖူးတယ်ပေါ့နော်။ ဒီလိုသမိုင်းမျိုးရှိတဲ့ဟာ ကျ တော့ ကျွန်တော်တို့ ရေကြောင်းကလည်း အရမ်းကောင်းပါတယ်။ ဒါလေးကို ကျွန်တော် တို့က ပြန်လည်အသက်သွင်းချင်တဲ့အတွက် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအဖြစ် အကောင် အထည်ဖော်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဒီဆိပ်ကမ်းဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့က ဒေသထွက်ပစ္စည်းတွေကို သက်သက်သာသာ နဲ့ နိုင်ငံတကာကိုတင်ပို့နိုင်မယ်။ သယ်ယူပို့ ဆောင်စရိတ်ကလည်း ဒီရေလမ်းက သွားလာ တဲ့ဟာ သယ်ယူပို့ဆောင်စရိတ် အနည်းဆုံး ဖြစ်တဲ့အတွက် သက်သက်သာသာနဲ့ တင်ပို့ ရောင်းချနိုင်မယ်ဆို ဒေသခံတောင်သူလယ် သမားတွေလည်း အများကြီးအကျိုးကျေးဇူး ဖြစ်ထွန်းပါမယ်။ အလုပ်အကိုင်အခွင့်အလမ်း တွေလည်း အများကြီးဖြစ်လာမယ်။

နောက် တစ်ခုကကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ကုန်ထုတ်လုပ်မှုကိုလည်း အားပေးပြီးဖြစ်ပါတယ်။ ဒေသခံတွေအားလုံး ကို အထောက်အကူပြုစေမယ့် စီမံကိန်းဖြစ်ပါတယ်” ဟု ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများ ပိုင်ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးထက်ဖုန်းမြတ်က ပြောကြားသည်။

ဆိပ်ကမ်းတည်ဆောက်မှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဦးဝင်းဌေးကလည်း “ဒီဆိပ်ကမ်းက MIC ကျပြီးသားပါ။ ဘာပဲပြောပြော ကျွန်တော်တို့က ဒီကနေပြီးတော့ တိုက်ရိုက် ကုန်စည်ပို့ဆောင်လို့ရတဲ့ အနေအထားရှိ တော့လေ။ ဒီကဒေသထွက်ကုန်တွေကို ပို့ ဆောင်လို့ရမယ်။

သို့သော်လည်းပဲ ကျွန်တော် တို့ မြစ်ကြောင်းလည်း စဉ်းစားပါတယ်။ မြစ် ကြောင်းကလည်း တန်များတဲ့သင်္ဘောတွေ ဝင်နိုင်ဖို့အတွက်ဆို သောင်တွေပြုပြင်ရမှာ ပေါ့ ဒီကိစ္စတွေလည်းဆောင်ရွက်နေပါတယ်။ ကုန်စည်ပို့ဆောင်ရေးအတွက် အရမ်းကောင်း သွားမှာပါ။ ဒါကိုမြန်မြန်ဆန်ဆန်အကောင် အထည်ဖော်ဖို့ပဲလိုပါတယ်” ဟုပြောကြားသည်။

ပုသိမ်စက်မှုမြို့တော်စီမံကိန်းမှာယခင် အစိုးရလက်ထက်ကတည်း စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မည်သည့်စက်ရုံများမှ တည်ဆောက်ပြီးစီး လည်ပတ်နေရခြင်းမရှိသေးသော်လည်း အထည်ချုပ်စက်ရုံများနှင့် အခြားသောစက်ရုံအချို့ကို ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများမှလာရောက် တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

Events Read 461 times