သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံချက်ပါမှသာ ဝယ်ယူခွင့်ရရှိမည့် အိမ်ရာတိုက်ခန်းများ


20 November, 2020

ရန်ကုန်တိုင်းအစိုးရမှ ရောင်းချမည့်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် လျှောက်ထားသူများသည် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ပါမှ သာ

ဝယ်ခွင့် ရရှိမည်ဖြစ်ကြောင်း အိမ်ရာများ ရောင်းချရေးကော်မတီ အဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မြို့နယ် ၆ခုတွင် တည်ဆောက်ထားသော အိမ်ရာတိုက်ခန်းပေါင်း ၁ဝဝဝကျော်ကို ၁၅နှစ်အရစ်ကျ ဝယ်ယူခွင့် လျှောက်လွှာများ ရောင်းချနေပြီး

အိမ်ရာဝယ်ယူခွင့် လျှောက်လွှာပါ စည်းကမ်းချက်များ အရ အိမ်ပိုင်မရှိကြောင်းကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ပါ တင်ပြရမည်ဟုဖော်ပြပါရှိကြောင်း

အိမ်ရာများရောင်းချရေး ကော်မတီအဖွဲ့ဝင်မှ ပြောကြားသည်။

ဥပမာ တောင်ဒဂုံတွင်ရှိနေသည့် အင်းဝအိမ်ရာအား လမ်းမတော်မှ ဝယ်ယူခွင့်လျှောက်ချင်သည်ဆိုလျှင် လမ်းမတော်တွင်နေသည့် လျှောက်သည့်သူမှ

အိမ်ပိုင်ရှိ၊ မရှိဆိုတာကို လမ်းမတော်မှ လွှတ်တော်ကိုယ်စားလှယ်မှ ထောက်ခံပေးရသည်။

လွှတ်တော်ကိုယ်စားလှယ်ထောက်ခံချက်ပါမှ သာ ရန်ကုန်တိုင်းအစိုးရမှ ရောင်းချမည့် အိမ်ရာတိုက်ခန်း ဝယ်ယူခွင့် ရရှိမည် ဆိုသည်မှာ ကိုယ်စားလှယ်များ အပေါ် တာဝန်ကြီးကြီး

တင်ပေးလိုက်သလိုမျိုးဖြစ်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားသည်။

မြို့နယ််အုပ်ချုပ်ရေးမှူး မှ ပထမအဆင့် ထောက်ခံကာ ထိုအပေါ်တွင် မှန်ကန်မှုရှိ မရှိ ကို Double Check ပုံစံမျိုးနှင့် ပြန်စိစစ်သည့် ပုံစံမျိုးမှာ ပိုကောင်းမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ် ၆ခုရှိ အိမ်ရာတိုက်ခန်းပေါင်း၁ဝဝဝကျော် ၁၅နှစ်အရစ်ကျ ဝယ်ယူခွင့်လျှောက်လွှာများကိုရန်ကုန်တိုင်းဒေသကြီး

အစိုးရအဖွဲ့မှ ဖေဖော်ဝါရီ ၁၅ရက်တွင် စတင်ရောင်းချပေးတော့မည်ဖြစ်ကြောင် အိမ်ရာများရောင်းချရေးကော်မတီ အဖွဲ့ဝင်မှ ပြောကြားကြောင်း သိရသည်။

ရောင်းချပေးသွားမည့် အိမ်ရာများမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အင်းဝအိမ်ရာ၊ကောင်းစံသာအိမ်ရာ၊ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်ရှိ

ယုဇန အိမ်ရာအပိုင်း(၁)နှင့်(၂)၊ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊လှိုင်သာယာမြို့နယ်ရှိရွှေလင်ပန်းအိမ်ရာ၊ထီးလိုင်အိမ်ရာ၊ရွှေပြည်သာမြို့နယ်ရှိ

Shop House များ၊မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတိုက်ခန်းများဖြစ်ပြီး အိမ်ရာဝယ်ယူခွင့်လျှောက်လွှာများကို လျှောက်လွှာတစ်စောင်လျှင်တစ်ထောာင်ကျပ်နှုန်းဖြင့်

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၄ခုတို့တွင် ဖေဖော်ဝါရီ ၁၅ရက်မှ မတ်လ ၁၅ရက်အထိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်ရာဝယ်ယူခွင့် လျှောက်ထားသူများအတွက် စည်းကမ်းချက်များအနေဖြင့် အိမ်ထောင်စုသန်းခေါင်းစာရင်း ပုံစံ ၆၆/၆ရှိသူဖြစ်ရမည်။အသက် ၂၃နှစ်ပြည့်ပြီးသူဖြစ်ပြီး အိမ်ပိုင်မရှိသူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းတိုက်ခန်းများမှာ တန်ဖိုးနည်း၊တန်ဖိုးသင့်တိုက်ခန်းများဖြစ်ပြီး စျေးနှုန်းများအနေဖြင့် ကျပ် ၉၈သိန်း၊သိန်း၁ဝဝ ဝန်းကျင်မှ သိန်း၄ဝဝ၊၅ဝဝ၊၆ဝဝ အထိသတ်မှတ်ထားသည်။

ဝယ်ယူခွင့်ရရှိသူများအနေဖြင့် ကနဦး ၂ဝရာခိုင်နှုန်းပေးဆောင်ကာ ၁၅နှစ် အရစ်ကျပေးချေရမည်ဖြစ်သည်။ယင်းအပြင် တိုက်ခန်းတန်ဖိုး အကျေပေးသွင်းမည်ဆိုပါကလည်း ၃ရာခိုင်နှုန်း လျှော့ပေးသွားမည်ဖြစ်သည်။

Public Housing Read 134 times