Attic Master Hotel


26 October, 2020

စင်္ကာပူ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော Attic Investment သည် မြန်မာနိုင်ငံမှ ကျောက်မျက်သတ္တု ကုမ္ပဏီတစ်ခုဖြစ်သော Than Htike Lu Gems နှင့် ပူးပေါင်း၍ ၂၅ ထပ်အမြင့် ဟိုတယ်တာဝါ ဆောက်လုပ်ကာ ဟိုတယ်အခန်းများအား အပြတ်ပိုင်ဆိုင်မှုအနေဖြင့် ရောင်းချသွား မည့်စီမံကိန်းတစ်ခုဖြစ်သည်။

ထိုစီမံကိန်းသည် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ မြေ ၂.၁၄ ဧကတွင် ဆောက်လုပ်မည်ဖြစ်ပြီး ၁၉ ရက် မတ်လတွင် ဆီဒိုးနားဟိုတယ် ရန်ကုန်၌ စတင် မိတ်ဆက်ခဲ့ ပါသည်။

 

ပါဝင်သည့် အဆောက်အအုံများ

ဟိုတယ်တာဝါသည် ဤမြေကွက်ရှိ Central Bay ဟုခေါ်သည့် စီမံကိန်း၏ ပထမအဆင့်ဖြစ်ပြီး နောက်တွင် လူနေကွန်ဒိုတာဝါသုံးလုံးဖြင့် စုစုပေါင်း လေးလုံးဆောက်လုပ်သွားမည်ဟုဆိုသည်။

ထို ၂၅ ထပ်မြင့်သော ဟိုတယ်တာဝါကို Attic Master Hotel ဟု လက်ရှိတွင် နာမည်ပေးထားပြီး မြေညီထပ်တွင် Lobby ပထမထပ်တွင် ရုံးခန်းသုံးရန်နှင့် ဒုတိယထပ်တွင် အနုပညာခန်းများ ပါဝင်မည်ဟု သိရှိရပါသည်။

ဟိုတယ်အခန်းများမှာ အထပ် ၁၇ မှ အထပ် ၂၅ ထပ်တွင် ရှိမည်ဖြစ်ပြီး sky lobby တွင် check-in လုပ်ရမည်ဖြစ်ကာ အခန်းအရေအတွက်အနေဖြင့် ၁၆၈ ခန်းပါရှိမည်ဟု ဆိုပါသည်။ ကျန်အထပ်များတွင် serviced apartment များ ပါဝင်မည်။

ဤစီမံကိန်း တွင် ရေကူးကန်၊ အားကစား ခန်းမ၊ spa၊ golf course၊ bar စသည် ဖြင့် facility များပါဝင် မည်ဖြစ်သည်။

 

           
           

အမျိုးအစား အမြင့် အရေအတွက် အခန်းအမျိုးအစားများ
ဟိုတယ်တာဝါ  ၂၅ ၁ လုံး ဟိုတယ်၊ serviced apartment
ကွန်ဒို တာဝါ ၂၅  ၃ လုံး ကွန်ဒို တိုက်ခန်းများ


အရောင်းပုံစံ နှင့် ဈေးနှုန်းဈေးထား

ပထမအဆင့်အနေဖြင့် ဟိုတယ်အခန်းများကို အများပြည်သူသို့ ရှယ်ယာ အနေဖြင့် ရောင်းချမည်ဖြစ်ကာ ဈေးနှုန်းဈေးထားကို တစ်ခန်းလျှင် ဒေါ်လာ ၁၀၀,၀၀၀ ဝန်းကျင်မှစပြီး ဝယ်သူများအနေဖြင့် မြေပိုင်ဆိုင်မှုပါ အချိုးကျရရှိမည်ဟု ဆိုသည်။

တည်ဆောက်သူ (developer) သည် ထိုဟိုတယ်အား Manage လုပ်ရန် စီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခု ငှားမည်ဖြစ်ပြီး အခန်းပိုင်သူများ အနေဖြင့် ထို ကုမ္ပဏီမှ တစ်ဆင့် ပုံမှန် ဟိုတယ်အခန်းစတိုင်ဖြင့် အပြင်သူများကို ပြန်လည်ငှားရမ်း၍လည်း ဝင်ငွေ ရရှိနိုင်မည်ဟုဆိုသည်။

ငွေပေးချေရာတွင်လည်း ၃ မျီုးရွေးချယ်ခွင့်ရှိပြီး လက်ငင်းငွေချေစနစ်၊ လစဉ်ငွေပေးချေစနစ်နှင့် ဘဏ်ဖြင့် ချိတ်ဆက်ကာလည်း ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

ဤကဲ့သို့ ဟိုတယ်အခန်းများအား သီးခြား ရောင်းချသည့် စီမံကိန်းသည် မြန်မာနိုင်ငံ အိမ်ခြံမြေလောကတွင် မကြားဖူးသလောက်ရှိပြီး ဝယ်သူက မြေအချိုးကျပိုင်ဆိုင်ခွင့် ရရှိသည့် စီမံကိန်းဆိုသည်မှာလည်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု အိမ်ခြံမြေကျွမ်းကျင်သူတစ်ဦးကပြောသည်။

ထိုအချိုးကျ မြေပိုင်ဆိုင်မှုရရှိသည့် အရောင်းပုံစံသည် လတ်တလောထွက်ရှိထားသည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ (သို့) ကွန်ဒိုမီနီယံဥပဒေပေါ်သို့ အခြေခံထားသည်ဟု ကျွမ်းကျင်သူက ထင်မြင်ချက်ပေးထားပါသည်။

 

Hospitality Read 79 times