တရုတ်နိုင်ငံ အိမ်ခြံမြေအကျပ်အတည်း‌မှာ အာရှ အချမ်းသာဆုံး အမျိုးသမီး ၁ နှစ်အတွင်း ဒေါ်လာ ၁၂ ဘီလီယံ ဆုံ


31 July, 2022

တရုတ်နိုင်ငံ အိမ်ခြံမြေအကျပ်အတည်း‌မှာ အာရှ အချမ်းသာဆုံး အမျိုးသမီး ၁ နှစ်အတွင်း ဒေါ်လာ ၁၂ ဘီလီယံ ဆုံးရှုံး

အာရှ၏ အချမ်းသာဆုံး အမျိုးသမီး Yang Huiyan သည် တရုတ်နိုင်ငံ၏ အိမ်ခြံမြေ အကျပ်အတည်းတွင် ၎င်း၏ ပိုင်ဆိုင်မှု ဒေါ်လာ ၂၄ ဘီလီယံ၏ ထက်ဝက်ကို  ဆုံးရှုံးခဲ့သည်။

တရုတ်နိုင်ငံ အိမ်ခြံမြေအကျပ်အတည်းသည် ဆက်လက်အရှိန်တက်နေပြီး  အိမ်ရာတိုက်ခန်းများကို ဝယ်ယူရန် လိုလားမှုနည်းပါးကာ အိမ်ရာစျေးနှုန်းများ ထပ်မံကျဆင်းသွားခဲ့သည်။


ကမ္ဘာ့ ထိပ်တန်း အချမ်းသာဆုံး ၅၀၀ ကို အချိန်နှင့် တပြေးညီ စာရင်းပြသည့် Bloomberg Billionaires Index အရ Huiyan သည် စုစုပေါင်း အသားတင် ပိုင်ဆိုင်မှု ၂၀၂၁ခုနှစ်မှာ $၁၂.၄ ဘီလီယံ ရှိခဲ့ပြီး ယခုအခါ ဒေါ်လာ ၁၁.၃ ဘီလီယံ မျှသာ ရှိပါတော့တယ်။

၂၀၁၈ ခုနှစ်မှာ  ချမ်းသာကြွယ်ဝမှု ကန်ဒေါ်လာ ၂၈ ဘီလီယံဖြင့် ရပ်တည်နေတဲ့ အချမ်းသာဆုံး တရုတ်သူဌေး Wanda Group ၏ Wang Jianlin ပြီးရင် ဒုတိယနေရာမှာ Huiyan  ရှိနေခဲ့ပါတယ်။
 ဖခင်ထံမှ အမွေရလို့ Huiyan က ချမ်းသာကြွယ်ဝသူ ဖြစ်လာခဲ့ပါတယ်။
Huiyan ရဲ့ ဖခင်က Country Garden ကို ၁၉၉၂ မှာ ထူထောင်ခဲ့သူ Yang Guoqiang ဖြစ်ပါတယ်။
Yang Guoqiang က အိမ်ရာဖွံ့ဖြိးရေးလုပ်ငန်း Country Garden မှာ သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို သမီးဖြစ်သူ Huiyan ကို ၂၀၀၅ ခုနှစ်မှာ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

နောက် ၂ နှစ်အကြာမှာ ကုမ္ပဏီကို ဟောင်ကောင် စတော့အိပ်ချိန်းမှာ စာရင်းသွင်းပြီး လူထုထံ ကနဦးရှယ်ယာရောင်းချခြင်း ဆောင်ရွက်ခဲ့ပြီး ကြွယ်ဝမှု တိုးသွားပါတယ်။ အာရှ အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံ အိမ်ခြံမြေအကျပ်အတည်းကြောင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများရဲ့ ရှယ်ယာများ ဈေးထိုးကျပါတယ်။ Country Garden ရှယ်ယာများလည်း ဈေးကျတဲ့အတွက်  Huiyan ပိုင်ဆိုင်တဲ့ Country Garden ရှယ်ယာများ တန်ဖိုးကျလို့ Huiyan ရဲ့ ချမ်းသားကြွယ်ဝမှု လျော့ကျပါတယ်။ အခြေအနေ ပိုဆိုးသွားစေခဲ့တာက Country Garden ကုမ္ပဏီမှာ အရင်းအနှီး လိုအပ်နေသဖြင့် ရှယ်ယာအသစ်များ ရောင်းချမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးချိန်မှာ ရှယ်ယာဈေးနှုန်းများ ၁၅%  ထိုးကျသွားပါတယ်။
Huiyan ပိုင်ဆိုင်တဲ့ Country Garden ရှယ်ယာများ စုစုပေါင်းတန်ဖိုး ထိုးကျသွားတာကြောင့် Huiyan ရဲ့ ကြွယ်ဝမှု ပမာဏလည်း ထိုးကျသွားခဲ့ပါတယ်။ 
ယခုအခါ Yang Huiyan ရဲ့ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁၁.၃ ဘီလီယံ ရှိတယ်လို့ Bloomberg Billionaires Index  မှာ ဖော်ပြထားပါတယ်။ 
#MyanmarBuilderGuide 
Telegram Channel  https://t.me/Guid4U

Source: theguardian

Global Read 614 times