အာရှ အချမ်းသာဆုံးသူဌေးကြီးရဲ့ ဒေါ်လာ ၂ ဘီလျံ မိုးထိတိုက်


01 January, 2020

အိန္ဒိယ ရဲ့ အချမ်းသာဆုံးလူကုန်ထံ စာရင်းဝင်သူဌေးကြီး မုခပ် ရှိန်ဘားနီ ဟာ မွန်ဘိုင်းမြို့ မှာရှိတဲ့ ထူးထွေခန်းနားသော ၂၇ ထပ်ရှိ မိုးမြင့်တိုက်ခန်းကြီးရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ထိုအိမ်ကြီးက အမေရိကန်ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိပြီး အဆိုပါ အိမ်ကြီးထဲတွင် နှင်းကမ္ဘာ ၊ ရေခဲမုန့် အမျိုး ၇၀ ကျော်ပါတဲ့ ရေခဲမုန့်စားခန်း ၊ ဟယ်လီကော်ပတာ ၃ စီးရပ်နားနေရာ ၊ ကား ၁၆၈ စီးဆန့်တဲ့ ဂိုထောင် နဲ့ ထိုအိမ်မှာ ၎င်းသူဌေးကြီးရဲ့ အိမ်စောင့်ဝန်ထမ်း အယောက် ၆၀၀ ကျော်ရှိပါတယ်။

ထို့အပြင် အိန္ဒိယ ဘာသာ ဘုရားကျောင်းလဲပါဝင်ပါတယ်။ဧည့်ခံပွဲကျင်းပတဲ့ ခန်းမကြီး ပါဝင်ပါတယ်။ရုပ်ရှင်ရုံ ၊ အလှပြင် Spa နဲ့ ယောဂ ကျင့်နေရာနဲ့ အကလေ့ကျင့်ရေး အခန်းပါသီးသန့်ရှိတယ်သိရပါတယ်။

ထိုအိမ်ကြီးမှ မိသားစုဝင်တွေဟာ ကလင်တင်မိသားစုဝင်များနဲ့ ပေါင်းသင်းလေ့ရှိပြီး သူတို့ မိသားစု မင်္ဂလာဆောင်အတွက် ဘီယွန်းစေလ်းကို ခေါ်ပြီး ဖျော်ဖြေခိုင်းလေ့ရှိတယ်လို့သိရပါတယ်။ထိုအိမ်ကြီးဟာ အခြား လူချမ်းသာတွေနေနေကျ အိမ်ထက် များစွာ သာလွန်နေပါတယ်။ကမ္ဘာ့ ဒုတိယ တန်ဖိုးကြီးမားတဲ့ အိမ်ကြီးပါ။ဘာကင်းဟမ်နန်းတော်ထက်တောင်တန်ဖိုးပိုများတယ်သိရပါတယ်။

ထိုမိုးမျှော်တိုက်ကြီးရဲ့ နာမည်ကတော့ အန်တေးလီယား ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာ ကိုမြင်တွေ့ရတယ်သိရပါတယ်။အဆောက်အဦးရဲ့ ဒီဇိုင်းက နေ နဲ့ ပဒုမ္မာ ကြာပန်းပုံရှိကာ အရောင်လှလှ ခရစ်စတယ်ဆန်ဆန်ကျောက်သလင်းများ , စကျင်ကျောက်များ နှင့် ပုလဲ ကမာခွံများနှင့်ဆောက်လုပ်ထားတယ်သိရပါတယ်။ထိုအိမ်မှ မိသားစုဝင်တွေဟာ ၆ လွှာ အခပ်မှာ နေကြပါတယ်ဘာလို့ဆို ထိုမိသားစု မှ သူဌေးကြီးရဲ့ ဇနီးဖြစ်သူ နီတာ ပြောကြားချက် အရတော့ သူတို့ နေရောင် ရတာကို လိုချင်လို့ဆိုကာပြောပါတယ်။

အိမ်ရဲ့ အကျယ်အဝန်း အရွယ်အစားက မျက်နှာကျက်တွေက အမြင့်မှာရှိပါတယ်၎င်း အိမ်ကြီးရဲ့ ၂၇ ထပ်အမြင့်ရှည်ရှားမှု့ဟာ အခြား အိမ်များရဲ့ အထပ် ၆၀ လောက်အထိမြင့်ပါတယ်။ထို့အပြင် အကျယ်အဝန်းက ၄ သောင်း sq ft ရှိတယ်သိရပါတယ်။သည့်အပြင် ငလျင်ဒဏ်ကို ရစ်ပ်တာ စကေးရဲ့ ၈.၀ မက်ဂနီကျူစ့် အထိ ခိုင်ခံတယ်သိရပါတယ်။

မွန်ဘိုင်းမြို့ဟာ အင်မတန်မှ ပူတဲ့ ရာသီဥတုမှာ ရှိပါတယ်။ထိုအိမ်ကြီးမှာ နှင်းကမ္ဘာ ရှိပြီး အေးဆေး အနားယူနိုင်တဲ့ အပြင် နှင်းပွင့်လေးတွေတောင် စက်နဲ့ ထုတ်ပါသတဲ့ ။ထိုအိမ်ထဲရှိ ဘုရားကျောင်းဟာ လူ အယောက် ၅၀ လောက်နီးနီး ဆန့်ပါတယ် သူတို့အနေနဲ့ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေနဲ့ အတူတူ ဘုရားဝတ်ပြုလို့ရအောင်ပါတဲ့။

ထိုအိမ်ကြီးမှာ ရှိတဲ့ ဝန်ထမ်း ၆၀၀ က တော်တော်များများဟာ နာမည်ကြီး စားသောက်ဆိုင်ကြီးတွေနဲ့ ဟိုတယ်ကြီးတွေက လေ့ကျင့်ပေးပြီးသားတွေပါတဲ့ထိုအိမ်ကြီးရဲ့ ၆ လွှာလောက်ကို ဈေးကြီးကားတွေထားတာပါ ကားစုတဲ့ သူတွေမို့ လုံခြုံစိတ်ချရအောင်ကားကိုထားတယ်သိရပါတယ်။

ဟယ်လီကော်ပတာ နဲ့လည်း ၎င်းအိမ်ကို သွားလို့ရပါသေးတယ် ထိုအိမ်ကြီးမှာ ဟယ်လီကော်ပတာ လည်း ရှိတယ် သိရပြီး ကျန်တဲ့ ဟယ်လီကော်ပတာ ရပ်နားတာ နှစ်ခုကတော့ အိမ်လာတဲ့ ဧည့်သည်တွေရပ်ဖို့လို့သိရပါတယ်။အဆိုပါ အိမ်ထဲရှိရုပ်ရှင်ရုံဟာ ဆိုရင် အနည်းဆုံး လူ အယောက် ၈၀၀ ဆန့်တယ်သိရပါတယ်။ရုပ်ရှင်ရုံအတွက် ပေါက်ပေါက်ဖောက်စက် ၊ အအေးဘူး ထုတ်စက်များလည်းရှိတယ်သိရပါတယ်။

ထိုအိမ်ကြီးမှာ နေလို့ကတော့ နတ်ပြည်အလားကောင်းတဲ့ အစားတွေကို စားရမှာ ဖြစ်ပြီး အင်မတန်မှ အနေချမ်းသာ မှာပဲဖြစ်ပါတယ်။ဒီလိုအိမ်မျိုးက အာရှတိုက်မှ အင်မတန်မှ ရှားတာမို့ စာဖတ်သူပရိသတ်များ ဗဟုသုတ ရစေရန် အလို့ဌာ ရေးသားဝေမျှလိုက်ခြင်းပင်ဖြစ်ပါတယ်။

Global Read 80 times