Ashton Asoke ကွန်ဒို အမှုအခင်းဂယက်ကြောင့် ချေးငွေရဖို့ ခက်ခဲလာ


11 August, 2023

Ashton Asoke ကွန်ဒို အမှုအခင်းဂယက်ကြောင့် ချေးငွေရဖို့ ခက်ခဲလာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ဆောက်လုပ်ခွင့် ပါမစ် ရုပ်သိမ်းခံရတ‌ဲ့ ဆောက်လုပ်ပြီးသား လူနေထိုင်နေပြီဖြစ်တဲ့ အထပ်မြင့် အထပ်တန်းစား ကွန်ဒိုမီနီယံ Ashton Asoke အမှုအခင်း ဂယက်ကြောင့် အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ ငွေအရင်းအနှီးအတွက် ချေးငွေရဖို့ ခက်ခဲလာပါတယ်။ အာမခံငွေချေးစာချုပ် ရောင်းချဖို့လည်း ခက်ခဲလာပါတယ်။
ငွေကြေးအဖွဲ့အစည်းများက အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းရှင်များကို ချေးငွေ ထုတ်ချေးပေးဖို့ ပိုတွန့်ဆုတ်လာကြပါတယ်။

ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ အိမ်ရာဖွဖွံ့ဖြိုးရေးလုပ်ငန်း AP Thailand ၏ စီအီးအို Anuphong Assavabhokhin က ဘတ် ၆.၄ ဘီလီယံတန် အထပ် ၅၀ ပါ Ashton Asoke ကွန်ဒို အမှုအခင်း ပေါ်ပေါက်ပြီးသည့်  နောက်ပိုင်းတွင် ငွေကြေးအဖွဲ့အစည်းများအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ အိမ်ခြံမြေကုမ္ပဏီများအား ချေးငွေ ထပ်မပေးချင်ကြတော့ဘူးလို့ ပြောကြားပါတယ်။
"အိမ်ရာ အပေါင်ထားပြီး ချေးငွေ ရယူဖို့ လျှောက်ထားတာတွေမှာ ငြင်းပယ်ခံရတာတွေ ပိုများလာတယ်။ ချေးငွေ ရဖို့ အရင်လို မလွယ်တော့ဘူး" လို့ သူက ပြောပါတယ်။
"အာမခံ ငွေချေးစာချုပ် ထုတ်ရောင်းဖို့က ပိုလို့တောင် ခက်ခဲနေပါတယ်" ဟု သူက ပြောပါတယ်။
 
အလယ်အလတ် အရွယ်အစား အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများဟာ အာမခံ ငွေချေးစာချုပ်ဖြင့် ငွေအရင်းအနှီး ရယူကြသဖြင့် ယခုအခါ အခက်ကြုံနေကြပါတယ်။
ယခင်ရောင်းချထားတဲ့ အာမခံ ငွေချေးစာချုပ်များအတွက် အတိုးပေးရမည့်အချိန်တွင် ငွေမလည်ဘဲ ငွေကျပ်နေပါက အတိုးပေးနိုင်ကြမည် မဟုတ်ချေ။
"အဲဒီ အလတ်စားလုပ်ငန်းတွေ အတိုးပေးရမယ့်အချိန်မှာ မပေးနိုင်ရင် အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းကဏ္ဍတစ်ခုလုံးကို ရိုက်ခတ်မယ်။ အကုန်လုံး အကျပ်ရိုက်ကုန်ကြလိမ့်မယ်" လို့ Mr Anuphong က ပြောပါတယ်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Tips Read 242 times