Ashton ကွန်ဒိုကို အရေးယူရန် အာဏာပိုင်တို့ကို တက်ကြွလှုပ်ရှားသူက တောင်းဆို


29 August, 2023

Ashton ကွန်ဒိုကို အရေးယူရန် အာဏာပိုင်တို့ကို တက်ကြွလှုပ်ရှားသူက တောင်းဆို

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တက်ကြွလှုပ်ရှားသူ Srisuwan Janya သည် Ashton Asoke ကွန်ဒိုအား အရေးယူရန် ဘန်ကောက် မြို့ပြ အုပ်ချုပ်ရေးအဖွဲ့Bangkok Metropolitan Administration  (BMA) အား တောင်းဆိုထားသည်။
Ashton Asoke ကွန်ဒိုအား တရားရုံးအမိန့်ဖြင့် ဆောက်လုပ်ခွင့်ပါမစ်ကို နောက်ကြောင်းပြန် ရုပ်သိမ်းခဲ့ပြီးနောက် တစ်လအကြာတွင် တောင်းဆိုခြင်း ဖြစ်သည်။

Mr Srisuwan က BMA သည် အသာထိုင်ကြည့်နေသည်ဟု စွပ်စွဲပြောဆိုသည်။ 
Ashton Asoke ကွန်ဒိုမီနီယံ၏ အဓိကဝင်ပေါက်သည် လိုအပ်သောအကျယ် မပြည့်သောကြောင့် ခွင့်ပြုမိန့်ကို ရုတ်သိမ်းရန် ဗဟိုအုပ်ချုပ်ရေးတရားရုံးက အမိန့်ထုတ်ခဲ့သည်မှာ တလပြည့်သွားပြီဟု ၎င်းက ပြောကြားသည်။

Sukhumvit နှင့် Asoke Montri လမ်းများ နှစ်ခုလုံးနှင့် ကပ်လျက် ရှိသော အချက်အချာကျသည့် ဧရိယာတွင် တည်ရှိသော Ashton Asoke ကွန်ဒိုသည် ဥပဒေန‌ှင့် မညီညွတ်သဖြင့်  ပါမစ်မှ ရုပ်သိမ်းသည်ဟု တရားရု‌ံးတော်က ပြောကြားခဲ့သည်။

Ashton Asoke စီမံကိန်းပိုင်ရှင်  Ananda MF Asia Asoke Co သည် ရက် ၃၀ အတွင်း ပါမစ်ပြန်လည်လျှောက်ထားနိုင်သည်ဟု BMA က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကွန်ဒိုတိုက်ခန်းပိုင်ရှင်များနှင့်  အိမ်ငှားများက ကုမ္ပဏီကို နစ်နာမှုအတွက် တရားစွဲဖို့ ပြင်ဆင်ထားကြသည်။
ရှေ့နေချုပ်ရုံးသည် တိုက်ခန်းပိုင်ရှင်များကို  ဥပဒေဆိုင်ရာ အကူအညီများ အခကြေးငွေ မယူဘဲ  အခမဲ့ဖြင့် ပေးမည်ဟု ပြောကြားခဲ့သည်။


ယခင်တင်ပြချက်
နောက်ကြောင်း မရှင်းသည့်  ဘန်ကောက်မြို့မှ Ashton Asoke ကွန်ဒိုမီနီယံ 
https://www.buildersguide.com.mm/article/-ashton-asoke-booklet.html


 

 
တနင်္လာနေ့တွင် Mr Srisuwan က ပြဿနာကို အရေးယူ ဖြေရှင်းခြင်း မပြုဘဲ ရက်ပေါင်း ၃၀ ကုန်ဆုံးသွားကြောင်း ပြောကြားခဲ့သည်။

 အထပ် ၅၀ မြင့် Ashton Asoke ကွန်ဒို ကဲ့သို့ သော  အဆောက်အဦအတွက် တရားဝင်လိုအပ်သော အနည်းဆုံးအကျယ်ဖြစ်သည့် ၁၂ မီတာ ကျယ်သော ဝင်ပေါက် မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။ 
 
 BMA သည် တရားရုံး၏ စီရင်ချက်နှင့်အညီ အဆောက်အဦ ထိန်းချုပ်ရေး အက်ဥပဒေ Building Control Act ၏ သက်ဆိုင်ရာ ပုဒ်မများကို လိုက်နာမှု ရှိအောင် အရေးယူ ဆောင်ရွက်ရန် တာဝန်ရှိသည်။
အရေးယူ ဆောင်ရွက်သည့်အခါ အဆောက်အဦသို့ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ထားနိုင်သည်။ အဆိုးဆုံးအနေဖြင့် အဆောက်အဦကို ဖျက်ချနိုင်သည်။ 
သို့သော် BMA က ပိတ်ဆို့ထားခြင်း၊ ဖျက်ချခြင်းများ ဆောင်ရွက်မည် မဟုတ်ဟု အာမခံချက် ပေးထားသည်။

Ashton Asoke အမှုကို ဗဟို အုပ်ချုပ်ရေး တရားရုံးသို့ တိုင်ကြားရာတွင် ဦးဆောင်ခဲ့သူ တက်ကြွလှုပ်ရှားသူ Srisuwan က ကွန်ဒိုသည် လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက ဆောက်လုပ်ခဲ့သည့်နေ့မှစပြီး လုပ်ထုံးလုပ်နည်းအရ၊ ဥပဒေအရ  ကိုက်ညီခြင်းမရှိဟု ပြောကြားသည်။

BMA သည် စီမံကိန်း စတင်သည့်နေ့မှစ၍ ရက်တိုင်းအတွက် နေ့စဉ်ဒဏ်ကြေး ချမှတ်သင့်သည်ဟု ၎င်းက ဆိုသည်။

“BMA က အသာထိုင်နေပြီး ပုဂ္ဂလိက ကုမ္ပဏီလက်များ ကြိုးဆွဲရာ လိုက်လုပ်မနေသင့်ဘူး" ဟု ၎င်းက ပြောကြားသည်။

BMA သည် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း မပြုဘဲ အချိန်ဆွဲနေခြင်းသည် တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တိုင်တန်းသူများသည် ကွန်ဒိုအနီးတဝိုက်တွင် နေထိုင်ကြသူများဖြစ်သည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 443 times