ရုပ်ရှင်လောကသားများ ဝယ်ယူနိုင်မည့် အရစ်ကျအိမ်ရာများ စီမံဆောင်ရွက်လျက်ရှိ


25 January, 2021

သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာတွင် ရုပ်ရှင်လောကသားများ အရစ်ကျစနစ်ဖြင့် အိမ်ရာပိုင်ဆိုင်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံအစည်းအရုံး ဒုတိယဉက္ကဌ ဉီးအေးကြူက ပြောကြားထားသည်။

မြေနေရာမှာ သန်လျင်ခရမ်းသွားတဲ့လမ်းနားတွင်တည်ရှိပြီး ကန်ထရိုက်နဲ့ အိုးအိမ်သစ်များ ဆောက်လုပ်သွားမည်ဟု သိရသည်။ စတူဒီယိုတွေဆောက်လုပ်ဖို့လည်း ချိတ်ဆက်လျက်ရှိကြောင်းနဲ့ လူနေအိမ်များပါ ဆောက်လုပ်သွားမည်ဟုလည်း သိရပါသည်။ အဓိကအနေဖြင့် အိမ်ရာပိုင်ဆိုင်ခြင်း မရှိသူများအတွက် ရည်ရွယ်ကာ တစ်လနှုန်း၊ တစ်နှစ်နှုန်းထားများ သတ်မှတ်ပြီး အရစ်ကျစနစ်နဲ့ ပေးသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သန်လျင်မြို့နယ် စစ်ပင်ကွင်း ကျေးရွာအုပ်စုရှိ မြေဧက ၁၀ ကို ရတနာရှင်းသန့်ကုမ္ပဏီက လှူဒါန်းထားကြောင်းသိရသည်။ ထို “ရုပ်ရှင်ရွာ” တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ‌မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ဆွေးနွေးလမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြေပုံအရ မြေဧက ၁၀ တွင် အခန်း ၃၅၀ ခန့်ရရှိမည်ဟု လျာထားပြီး ရုပ်ရှင်အစည်းအရုံး စာရင်းဝင်အရ လူဦးရေ ၃၅၀၀ ကနေ ၄၀၀၀ နီးပါးရှိသည်ဟု ဆိုသည်။ ၄င်းမြေပေါ်တွင် စတူဒီယိုနဲ့ အိမ်ရာများအပြင် ဆိုင်ခန်းများ၊ လက်ဖက်ရည်ဆိုင်များပါ ဆောက်လုပ်သွားမည်ဟု ရည်ရွယ်ထားကြောင်း သိရသေးသည်။

လောလောဆယ်တွင် “ရုပ်ရှင်ရွာ” ဟု အမည်ပေးထားသော်လည်း ရာပြည့်နာမည်ပါ ထည့်သွင်းစဉ်းစားရန် ဝန်ကြီးချုပ်မှ အကြံပေးသွားတာရှိတဲ့အတွက် မသေချာသေးဘူးဟုဆိုသည်။ အိမ်ရာ မပိုင်ဆိုင်သေးသူများပါ အရစ်ကျစနစ်နဲ့ နေထိုင်ခွင့်ရမည်ဖြစ်သောကြောင့် ရုပ်ရှင်လောကသားများအတွက် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည် ဖြစ်ကြောင်းကိုလည်း ဦး‌အေးကြူလေးက ပြောကြားသွားပါသည်။

နောက်ဆုံးရ သတင်းများ

ShweProperty

Local Office and Retail Read 912 times