ငွေဆောင်တွင် ဟိုတယ်တစ်ခု တည်ဆောက်လုပ်ကိုင်လည်ပတ်ရန် ရင်းနှီးမြှုပ်နှံမှု အတည်ပြု


01 January, 2020

ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၈/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ဟိုတယ်နှင့် အပန်းဖြေစခန်းတစ်ခု

တည်ဆောက်လုပ်ကိုင်လည်ပတ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို အတည်ပြုပေးခဲ့ပါသည်။ 

 

အတည်ပြုပေးသည့် လုပ်ငန်းအမည်မှာ Pearl Ayar Company Limited ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုမည့် ဟိုတယ်နှင့် အပန်းဖြေစခန်း တည်နေရာမှာ အမှတ် ၄ ရက်ကွက်၊ ငွေဆောင်မြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်း ဒေသကြီး ဖြစ်ပါသည်။

 

ရင်းနှီးမြှုပ်နှံမှု အမျိုးအစားမှာ ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။


၎င်းဟိုတယ်နှင့် အပန်းဖြေစခန်းသည် အလုပ်အကိုင် အခွင့်အလမ်း ၇၁ ခု ဖန်တီးပေးနိုင်မည်ဟု သိရသည်။

Mixed Use and Urban Read 42 times