Apple ပူးတွဲထူထောင်သူက ခေါ်ဈေးကို ၃၇% လျှော့ပေးပြီး ရောင်းချလိုက်တဲ့ ခြံကျယ်အိမ်ဂေဟာ


01 March, 2020

ခြံကျယ် အိမ်ဂေဟာမှာ အိမ် ၇ လုံး၊ ကိုယ်ပိုင် လေယာဉ်ငယ်အတွက်

ပေ ၂၉၀၀ ပြေးလမ်းပါ လေယာဉ်ကွင်းတစ်ခု၊ ရဟတ်ယာဉ်ကွင်းတစ်ခု ပါဝင်တယ်။

ကယ်လီဖိုးနီးယား၊ ကာမဲလ်တောင်ကြားလွင်ပြင် မှာ တည်ရှိပြီး Rana Creek Ranch လို့ အမည်တွင်တယ်။ ကာမဲလ်တောင်ကြားလွင်ပြင်မှာ အကျယ်ဝန်းဆုံး ခြံ ဖြစ်ပါတယ်။

ပိုင်ရှင်ဖြစ်သူ Apple ပူးတွဲထူထောင်သူ Mike Markkula က အမေရိကန်‌ဒေါ်လာ ၃၇ ဒသမ ၅ သန်းဖြင့် ဈေးတည့်ပြီး ရောင်းချလိုက်တာ ဖြစ်ပါတယ်။

ခြံကို နွားမွေးမြူရေးအတွက်လည်း လက်ရှိမှာ သုံးစွဲလျက် ရှိပါတယ်။ ပင်မအိမ်ဂေဟာ အဆောက်အဦက ကြမ်းခင်းဧရိယာ ၅ ၄၁၃ စတုရန်းပေ ရှိပါတယ်။ ဧည့်သည်နေဖို့ တောင်ပံတစ်ဖက် ထုတ်ပေးထားပါတယ်။ 

ခြံထဲမှာ အိပ်ခန်း နှစ်ခန်းပါ ဧည့်ဂေဟာတစ်ခုနဲ့ အခြား အိမ် ငါးလုံး ရှိတာမို့ စုစုပေါင်း အိမ် ၇ လုံး ရှိပါတယ်။ တင်းကုပ်ကြီး အဆောက်အဦ နှစ်ခု ရှိပါတယ်။

Apple ပူးတွဲထူထောင်သူ Mike Markkula ကို လူသိနည်းပါတယ်။ Apple ထူထောင်တော့ တတိယမြောက် ပါဝင်သူ ဖြစ်ပြီး Apple ရဲ့ second CEOအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့တယ်။ Steve Jobs လို လူသိများတဲ့သူ မဟုတ်ပေမဲ့ Apple  ရဲ့ အစောပိုင်းကာလတွေမှာ သူက နောက်ကွယ်မှ စီမံခန့်ခွဲပေးနေခဲ့သူ ဖြစ်ပါတယ်။ ကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီ အစုရှယ်ယာတွေရဲ့ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ second CEO အဖြစ် လုပ်ကိုင်နေခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ second CEO အဖြစ်မှ အပြီးအပိုင် အနားယူခဲ့ပါတယ်။ Apple မှာ အရှည်ကြာဆုံး ဆက်တိုက်လုပ်ကိုင်ခဲ့သူတွေထဲမှာ ပါဝင်တယ်။

Markkula တို့ လင်မယားက ၁၉၈၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈ သန်းဖြင့် Rana Creek Ranch ကို ဝယ်ယူခဲ့ကြတယ်။ Rana Creek Ranch ကို သူရောင်းဖို့ ဈေးစခေါ်ခဲ့တာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အဲဒီတုန်းက အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၉၅ သန်းဖြင့် ဈေးခေါ်ခဲ့တယ်။ ဝယ်မယ့်သူ မရှိခဲ့ဘူး။ ၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၅ သန်း ဈေးပြင်ဆင်သတ်မှတ်ပြီး ဈေးခေါ်ခဲ့ပါတယ်။ အိမ်ခြံမြေ ကိုယ်စားလှယ် လုပ်ငန်း  Hall and Hall လုပ်ကိုင်သူ Bill McDavid  ထံ အရောင်းအပ်နှံခဲ့ပါတယ်။

Rana Creek Ranch ဟာ အကျယ် ဧက ၁၄ ၀၀၀ ရှိပါတယ်။

Apple  ရုံးချုပ် ထည်ရှိရာ Silicon Valley နဲ့ ၈၅ မိုင် ဝေးပါတယ်။

Global Read 35 times