သဘာဝဘေးဖြစ်ရင် ပိုင်ဆိုင်မှုမခိုင်မာနိုင်သော ကန်ထရိုက်တိုက်ခန်းတွေ


08 December, 2020

အထပ်မြင့်လူနေတိုက်ခန်းတွေအနေနဲ့သဘာဝဘေးကြောင့်တစ်စုံတစ်ရာဆုံးရှံးမှုဖြစ်ပေါ်ခဲ့ရင် အဲဒီအခန်းတွေမှာ ဝယ်ယူနေထိုင်နေသူတွေဟာ မူလနေရာကိုပြန်လည်ရရှိဖို့မသေချာပါဘူး။ လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ အန္တရာယ်ရှိ အဆောက်အအုံသတ်မှတ်ချက်မှာတော့ သဘာဝဘေးတစ်စုံတစ်ရာကြောင့်ပြိုကျပျက်စီးခဲ့ပါက မူလနေထိုင်သူကို မူလနေရာမှာ ပြန်လည်ချထားပေးရမယ်ဆိုတော့ သတ်မှတ်ချက်ပါရှိပါတယ်။

 

        ဒါပေမဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အခုနောက်ပိုင်းမှာ အထပ်မြင့်သတ်မှတ်ချက်တွေ၊ ကားပါကင်သတ်မှတ်ချက်တွေပါဝင်လာပါတယ်။ ဒါကြောင့် ငွေရေးကြးရေးပိုင်းအရကန်ထရိုက်တာတွေဟာ ငွေစိုက်ပြီး မတည်ဆောက်နိုင်တော့ဘဲ မူလပိုင်ရှင်တွေဟာ တစ်ခန်းချင်းစီရဲ့ကုန်ကျစရိတ်ကို စိုက်ထုတ်ရတော့မှာဖြစ်ပါတယ်။

 

        “ အခုနောက်ပိုင်းစည်ပင်မူအသစ်က အထပ်မြင့်ကန့်သတ်ချက်တွေကားပါကင်တွေပါလာတော့ အဲ့ဒီ့ အထပ်တိုင်းမရရင်ကန်ထရိုက်တာကလည်းစိုက်ပြီးဆောက်နိုင်မှာ မဟုတ်ဘူး မူလနေထိုင်သူက ဟိုအရင်ကဆို လေးငါးဆယ်သိန်းလောက်ထပ်စိုက်လိုက်ရင် သူ့အခန်းပြန်ရနိုင်သေးတယ် အခုပုံစံပြောင်းလိုက်တာကြောင့် တစ်ခန်းချင်းစီရဲ့ကုန်ကျစရိတ်ကို မူလနေထိုင်သူက စိုက်ရတော့မဲ့သဘောရှိတယ် နောက်ပြီး မြေရှင်ကလည်းသဘောတူဖို့လိုတယ် မြေရှင် ကပေးမဆောက်ဘူးဆိုရင်လည်း အခက်အခဲရှိနိုင်တယ် " မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (အထွေထွေအတွင်းရေးမှူး ) ဦးမျိူးမြင့်ကပြောပါတယ်။

 

        အခုလို အထပ်မြင့်ကန်ထရိုက်တိုက်ခန်းတွေအနေနဲ့မြေရှင်ကန်ထရိုက်တာ မူလနေထိုင်သူတွေအကြား အဆင်ပြေနိုင်စေမဲ့ တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေအဆိုပြုမူကြမ်းကိုရေးဆွဲပြီးဖြစ်ပေမဲ့ အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

Laws and Regulations Read 92 times