တရုတ်နိုင်ငံ တိုက်ခန်းဈေးကွက် မြို့ငယ်များမှ တိုက်ခန်းများ အဝယ်သွက်နေ


18 June, 2023

တရုတ်နိုင်ငံ တိုက်ခန်းဈေးကွက် မြို့ငယ်များမှ တိုက်ခန်းများ အဝယ်သွက်နေ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ဘေဂျင်းမြို့ခံ Hu Yongwei သည် တရုတ်နိုင်ငံအလယ်ပိုင်း Hebi မြို့ရှိ တိုက်ခန်းတစ်ဒါဇင်ကျော်ကို ဒေါ်လာ ၃၁,၀၀၀ ခန့်ဖြင့် ဝယ်ယူခဲ့ပြီး ၎င်းတို့သည် အခြားသော ရင်းနှီးမြှုပ်နှံမှုများထက် ငွေကြေးအရ ပိုမိုအကျိုးရှိမည်ဟု လောင်းကြေးထပ်ထားသည်။
လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က တည်ဆောက်ခဲ့သော အိပ်ခန်းနှစ်ခန်း သို့မဟုတ် သုံးခန်းပါ တိုက်ခန်းများကို အများအားဖြင့် ဝယ်ယူခဲ့သော Hu သည် ဇွန်လတွင်  Hebi မြို့မှာ သူ၏ ၁၅ ခုမြောက် ပိုင်ဆိုင်မှုအဖြစ် ယွမ် ၁၈,၀၀၀ ($2,528) သုံးစွဲကာ တိုက်ခန်း ဝယ်ယူခဲ့ပြန်သည်။ တိုကခန်းများသည်  ပြီးခဲ့သည့် ၂ နှစ်အတွင်း ဈေးနှုန်းများ ကျဆင်းခဲ့သည်ဟု သူက ပြောပြသည်။ 
“အိမ်ခန်းတွေကို ဂေါ်ဖီထုပ် ချရောင်းသလို ဈေးပေါပေါနဲ့ ရောင်းနေကြတယ်” ဟု အသက် ၃၉ နှစ်အရွယ်ရှိ Hu က ပြောကြားသည်။  ၎င်း၏ မိသားစု၏ စတော့ဈေးကွက်တွင် ပတ်သက်၍ ဆိုးရွားသော အတွေ့အကြုံများ ကြုံတွေ့ခဲ့ကြသဖြင့် အစုရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းကို လက်ရှောင်ထားသည်ဟု သူက ပြောပြသည်။ 
.
တရုတ်ပြည် အရှေ့ဘက်ပိုင်းရှိ Huainan နှင့် Rushan နှင့် အနောက်တောင်ဘက်ပိုင်းရှိ Gejiu ကဲ့သို့သော တရုတ်မြို့ငယ်များရှိ တန်ဖိုးနည်းတိုက်ခန်းများကို အခြားမြို့ကြီးများတွင် နေထိုင်ကြသူများမှ ဝယ်ယူထားကြောင်း အိမ်ခြံမြေအေးဂျင့်များက ပြောသည်။
.
တရုတ်ပြည် အိမ်ရာတိုက်ခန်းကဏ္ဍသည် အကျဘက်သို့ ရောက်နေပြီး တိုင်းပြည်စီးပွားရေးလည်း ကျဆင်းနေသဖြင့် မြို့ငယ်များရှိ တိုက်ခန်းများ ဈေးကျကုန်သည်။ တရုတ်ပြည်၏ ဈေးအသက်သာဆုံးဈေးနှုန်းဖြင့် ရောင်းချနေကြသည်။ 
,
တရုတ်ပြည် အိမ်ခြံမြေပိုင်ဆိုင်မှုကဏ္ဍသည် အမှောင်ကျနေဆဲ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ  နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြန်ဆုံးနှုန်းဖြင့် လျော့ကျနေသည်။ 
အိမ်ရာတိုက်ခန်း အသစ်များ ထပ်မံဆောက်လုပ်ပြီးစီးခြင်း လျော့ကျလာသဖြင့် တိုက်ခန်းအသစ် ဈေးနှုန်း မြင့်တက်လာနေစဉ် မြို့ငယ်များရှိ တစ်ပတ်ရစ်တိုက်ခန်းများမှာ အနိမ့်ဆုံးဈေးမှာ ဆက်ရှိနေသည်။ 
၂၀၂၁ ခုနှစ် ပေါက်ဈေးများနှင့် နှိုင်းယှဉ်ပါက ၂၄% မှ ၂၇% အထိ ဈေးလျော့ကျသည်။ 
Source Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Residential Real Estate & Properties Read 316 times