တိုင်းအစိုးရထံ လွဲပြောင်းပေးမည့် မြို့ပြမြေများ၊ တိုက်ခန်းတွဲများ၊ အိမ်ရာများနှင့် အစိုးရမြေများ


30 November, 2020

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန လက်အောက်ရှိ မြို့ပြမြေများ၊ တိုက်ခန်းတွဲများ၊ အိမ်ရာများနှင့် အစိုးရမြေများကို ယခုနှစ်ကုန် နောက်ဆုံးထား၍ တိုင်းအစိုးရထံ အားလုံးလွဲှပြောင်းရန် ဆောင်ရွက်နေကြောင်း

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မှ ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းအတွင်း ဈေးများ၊ အိမ်ရာ များနှင့် ဧရိယာများကို တိုင်းဒေသ ကြီး အစိုးရ လက်အောက်သို့ ရောက်ရှိရေး စီမံဆောင်ရွက်ရန် ရှိ၊ မရှိနှင့်ပတ်သက်ပြီး

မင်္ဂလာ တောင်ညွန့်မြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ၏မေးခွန်းကို တိုင်းအစိုးရဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

အထက်ပါ ဌာနလက်ရှိ စီမံ ခန့်ခွဲနေသည့် ကိစ္စရပ်များအား လုံးကို ထိရောက်စွာ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ပြင်ဆင်ထိန်း သိမ်းနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသ ကြီး အစိုးရသို့ လွဲှပြောင်းရန်စီမံခဲ့ကြောင်း ဝန်ကြီးမှ ဆက်လက်ပြောသည်။

လက်ရှိ၌ တိုင်းအစိုးရစီမံ ခန့်ခွဲမှု မရှိခြင်းကြောင့် ဝန်ကြီးမှ အိမ်ရာအရောင်းနှင့် အငှားများ တွင် စီမံခန့်ခွဲမှု အားနည်းချက် များ၊ အခြေခံ အဆောက်အအုံ ပြတ်လပ်မှုများ၊ အငြင်းပွားမှုများ စသည်တို့ရှိနေပြီး

မြို့ပြဥပဓိရုပ်အားကောင်းမှု ကျဆင်းနေသည် ဟု ဆိုသည်။

၁၉၈၈ နောက်ပိုင်း တည်ဆောက်ခဲ့သည့် လုံးချင်းအိမ်ရာ နှင့် အိမ်ရာအချို့ကို ၂ဝ၁၇ မတ်လ ၈ ရက်၌ ဆောက်လုပ်ရေးဝန် ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လွဲှပြောင်းပေးခဲ့သည်။

‘‘လွဲှပြောင်းပေးရမှာ ရန်ကုန် မြို့ မြေရဲ့ ၅ ရာခိုင်နှုန်းရှိပါတယ်’’ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။

အိမ်ရာများ စီမံခန့်ခွဲမှု ပိုမို ကောင်းမွန်စေရန်၊ အခြေခံအ ဆောက်အအုံများ ဖြည့်ဆည်းနိုင် ရန်နှင့် မြို့ပြဥပဓိရုပ် ပိုမိုကောင်း မွန်စေရန် ဥပဒေစည်း မျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြုစုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် နေသည်ဟု

ဝန်ကြီးက ပြောသည်။ထိုဥပဒေကို Apartment Lawအဖြစ် ဥပဒေကြမ်းပြုစုရေး အ ထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး သုတေသနပြုနေကြောင်း ၎င်း ကဆက်လက်ပြောသည်။

ပြည်တော်သာ၊ မင်္ဂလာတောင်ညွန့်၊ လမ်းသစ်ရိပ်သာ အိမ်ရာများ အပါအဝင် ဒဂုံမြို့သစ်ခြောက် မြို့နယ်တို့ကို တည်ဆောက်ပြီးနောက် ဝန်ကြီးဌာန က စီမံခန့်ခွဲခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းရန်

ရန်ကုန်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ထံသို့ လွဲှပြောင်းပေးခဲ့သည်။

Region Public Housing Read 69 times