ကုန်စည်ပို့ဆောင်ရေးမြို့တော်ဖြစ်လာရန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု စတင်ရေးဆွဲနေ


14 November, 2020

အုပ်ချုပ်ရေးမြို့တော်နေပြည်တော်ကို နှစ်(၃ဝ)အစီအစဉ်ဖြင့် ကုန်စည်ပို့ဆောင်ရေးမြို့တော်ဖြစ်လာရန်အစိုးရသစ်လက်ထက်တွင် မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုစတင်ရေးဆွဲနေကြောင်း

နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဝင်တစ်ဦးမှ ပြောကြားကြောင်း သိရသည်။

နေပြည်တော်အားနေချင်စဖွယ်စိမ်းလန်းစိုပြည်သည့်မြို့တော်၊သဘာဝပတ်ဝန်းကျင်မပျက်စီးစေသည့် မြို့တော်၊ပညာရေးဖွံ့ဖြိုးတိုးတက်စေသည့်မြို့တော်၊လေကြောင်းနှင့်

ကုန်စည်ပို့ဆောင်ရေး ဗဟိုဌာနနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သော မြို့တော်အဖြစ် တည်ဆောက်ရန် အချက်ငါးချက် ပါဝင်ကြောင်း သိရသည်။

၂ဝ၁၇ဖေဖော်ဝါရီတွင် မြို့ပြစီမံကိန်းရေးဆွဲရန် ပညာရှင်များဖြင့် လုပ်ငန်းများစတင်ရေးဆွဲနေပြီး ပြီးစီးမည့်အချိန်အား မသိရသေးသော်လည်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ရရှိသော အခွန်ငွေများ၊အထောက်အပံ့ငွေများဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အချက်အလက်ကောက်ယူနေေသော နည်းပညာဆိုင်ရာများ၊ကောင်းကင်မြေပုံများ၊အချက်အလက်ကောက်ယူသော အဖွဲ့များ၊အချက်အလက်ရရှိသည့် အပေါ်မူတည်ကြောင်းကို သိရသည်။

***သင်စိတ်ဝင်စားနိုင်သော ကညင်ချောင်းစီးပွားရေးဇုန်ကို ပွင့်လင်းရာသီတွင်အကောင်အထည်ဖော်မည်ဟုဆို***

နေပြည်တော်ရှိမြို့မစျေး၊သပြေကုန်းစျေးနှင့် ရွှေကြာပင် စသည့်နေရာများတွင်သာ လူစည်ကားနေပြီး အခြားစျေးများ၊နေရာများတွင် ဖွံ့ဖြိုးမှုအားနည်းကာ ဟိုတယ်ဇုန်များတွင် တည်းခိုသူ လျော့နည်းနေကြောင်း သိရသည်။

နေပြည်တော်ကို ၂ဝဝ၃ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ဇုန်ကြီးငါးဇုန်အဖြစ် ဥတ္တရသီရိဇုန်၊ဒက္ခိဏသီရိမြို့နယ် နှစ်မြို့နယ်ဇုန်၊ဝန်ကြီးဌာနများနှင့် ဝန်ထမ်းအိမ်ရာများဇုန်၊စျေးများဇုန်၊ဟိုတယ်ဇုန်များအပေါ်မူတည်၍ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် သွားလားရေးအနေဖြင့် တစ်နေရာနှင့်တစ်နေရာ ဝေးကွာလွန်းပြီး စီးပွားရေးဇုန်များမရှိ၍ အလုပ်အကိုင်အခွင့်အလမ်းများ လျော့နည်းသည့်

အားနည်းချက်များပြင်ဆင်သင့်ကြောင်း မြို့ပြစီမံကိန်းဆောင်းပါးများရေးသားသူ တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

ဝန်ထမ်းအခြေပြုမြို့မှ ပြည်သူအားလုံးကို အခြေပြုသော မြို့တော်ဖြစ်ရန်လိုကြောင်း သိရသည်။

နေပြည်တော်သည် ဇမ္ဗူသီရိ၊ဇေယျသီရိ၊ဥတ္တရသီရိ၊ဒက္ခိဏသီရိ၊ပုဗ္ဗသီရိ၊ပျဉ်းမနား၊လယ်ဝေးနှင့် တပ်ကုန်းမြို့နယ် ရှစ်မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး

စတုရန်းမိုင်သုံးထောင်ခန့် (၂,၇၂၄ ဒသမ ရ၅ စတုရန်းမိုင်)ကျယ်ဝန်းကာ လူဦးရေတစ်သန်းကျော်နေထိုင်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ အချက်အလက်များအရသိရသည်။

Source:7Day Daily

Mixed Use and Urban Read 39 times