ကျပ်သိန်း ၄၀ ဝန်းကျင်ခန့်သာကျသင့်မည့် တန်ဖိုးသင့်အိမ်


28 October, 2020

ကျပ်သိန်း ၄၀ လောက်သာကုန်ကျနိုင်သည့်တန်ဖိုးသင့်အိမ်လေးတွေကိုတန်ဖိုးသက်သက်သာသာနဲ့လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ဆောက်လုပ်ပေးနေကြောင်းသိရသည်။

 

ယင်းအိမ်များသည်သစ်သားများကိုအသုံးပြုထားခြင်းမရှိဘဲသံဖရိန်များ၊ စမတ်ဘုတ်များနှင့့်သာဆောက်လုပ်ထားကြောင်းသိရသည်။


ထိုင်းနိုင်ငံမှထုတ်ကုန်စမတ်ဘုတ်ကိုနှစ်သက်သည့်အရောင်အသုံးပြုနိုင်ကြောင်းသိရသည်။ ဆောက်လုပ်သည့်အခါတွင်လည်းအောက်ခြေကိုဘိလပ်မြေနှင့်ဖောင်ဒေးရှင်းချပြီးတစ်လအတွင်းတွင်ဆောက်လုပ်နိုင်ကြောင်းသိရသည်။


အလွယ်တကူဖြုတ်နိုင်တပ်နိုင်ပြီးအပူဒဏ်ကိုလည်းခံနိုင်ပါသည်။ သံဖရိန်ကိုအသုံးပြုတာကြောင့် လေဒဏ်မိုးဒဏ်တွေကိုပါခံနိုင်ပါသည်။


ယင်းအိမ်များကိုနှစ်၂၀လောက်အထိအသုံးပြုနိုင်ပြီးစမတ်ဘုတ်များညစ်ပတ်သွားပါကလည်းလွယ်လွယ်ကူကူနဲ့ပြန်လည်ဆေးကြောနိုင်မည်ဖြစ်ပါသည်။

 

ထိုစမတ်ဘုတ်အိမ်များွကိုဆောက်လုပ်ရန်အလုပ်သမားအနည်းဆုံးသုံးယောက်လောက်သာလိုသလိုကြာချိန် နှစ်ပတ်လောက်သာကြာမြင့်မည်ဖြစ်သည်။


ကုန်ကျနိုင်တဲ့ကျပ်သိန်း ၄၀ ဆိုတာကပေ ၂၀ x ၁၀ ပေကိုဆောက်လုပ်ပါကကုန်ကျနိုင်သည်ကိုဖော်ပြထားပါသည်။


နှစ်ထပ်အိမ်များနှင့့် ပိုပြီးကျယ်တဲ့ အိမ်များကိုဆောက်မည်ဆိုပါကပိုပြီးကုန်ကျနိုင်ကြောင်းသိရသည်။


Source:imyanmarhouse

Global Tips Read 73 times