ဘားအံမြို့ ကမ်းနားလမ်း တစ်လျှောက် အပန်းဖြေဥယျာဉ်၊ ကစားကွင်းနှင့် အခြားအလှဆင်လုပ်ငန်းများ လုပ်ဆောင်


27 October, 2020

ကရင်ပြည်နယ် ဘားအံ့မြို့တွင် အရှည်ပေ ၆၀၀၀ ခန့်ရှိ ကမ်းနားလမ်း တစ်လျှောက်တွင် အပန်းဖြေဥယျာဉ်၊ ကစားကွင်းနှင့် အခြားအလှဆင်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ် ဘားအံ့မြို့တွင်အရှည်ပေ ၆၀၀၀ ခန့်ရှိကမ်းနားလမ်းတစ်လျှောက်တွင် အပန်းဖြေဥယျာဉ်၊ ကစားကွင်းနှင့် အခြားအလှဆင်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ကမ်းနားလမ်းတစ်လျှောက် သာယာလှပရေးနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းကို လုပ်ငန်းရှင်များနှင့်အကျိုးတူနှစ်၃၀B.O.Tစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စိတ်ဝင်စားသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်သွားမည်ဟု သိရသည်။

ကမ်းနားလမ်းတစ်လျှောက် အဆင့်မြင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မှုပိုင်းတွင် အပန်းဖြေဥယျာဉ်၊ ကလေးကစားကွင်း၊ သဲသောင်ပြင်အားကစားကွင်းများ ၊ညဈေးတန်း၊ ကားပါကင် ၊မြေထိန်းနံရံလုပ်ငန်းဆောင်ရွက်ခြင်း၊ မီးအလင်းနှင့် အလှဆင်မီးတပ်ဆင်ခြင်းလုပ်ငန်းများ တပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဘားမဲတောင်ခြေမှ ရွှေယဉ်မျှော်ဘုရားအထိ ကမ်းနားလမ်းတစ်လျှောက်တိုးခဲျ့ခြင်းအပါအဝင် လူသွားစင်္ကြန်ကွန်ကရစ်လမ်းများနှင့် လမ်းဘေးပလက်ဖောင်းပြုလုပ်ခြင်းမာျးကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ရာလုပ်ငန်းလုပ်ကိုင်လိုသူများကို ဧပြီ၂၄ရက်တွင်တင်ဒါလျှောက်လွှာများေ ရာင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါလျှောက်လွှာပိတ်ရက်ကိုေ မလ၁၂ရက်သတ်မှတ်ထားကာ တင်ဒါကိုမေလ၁၆ရက်နေ့တွင် ဖွင့်ဖောက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

Source:Pyimyanmar journal

Region Construction Materials Read 79 times