ဥရောပ ပထမဆုံး အမ်စတာဒမ်-ရော့ဒ်တာဒမ် ဟိုက်ပါလမ်း ကွန်ရက်


27 October, 2021

အမ်စတာဒမ်-ရော့ဒ်တာဒမ် လမ်းပန်းဆက်သွယ်မှု ဟိုက်ပါကွင်းလမ်း hyperloop ကွန်ရက်သည် ဥရောပ၏ ပထမဆုံး ဟိုက်ပါလမ်း ကွန်ရက် လမ်းကြောင်း ဖြစ်လာမည်။

အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
 
ဥရောပ ကော်မရှင်က စီမံကိန်း လုပ်ကိုင်မည့် ဒတ်ခ်ျကုမ္ပဏီ hardt ကို ယူရိုဒေါ်လာ ၁၅ သန်းတန် ကန်ထရိုက် ချပေးလိုက်သည်။
ဟိုပါလမ်း အခြေခံအဆောက်အအုံကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ရည်မှန်းချက် ထားရှိသည်။
ယခုလို ဟိုက်ပါကွင်းလမ်းကို အသုံးပြုခြင်းဖြင့် လေထုညစ်ညမ်းမှု ဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှု နည်းပါးသည်။ ပို့ဆောင်ရေး ပိုမို မြန်ဆန်သည်။ အမြန်ရောက်ဖို့ လေယာဉ်ဖြင့် သွားလာဖို့ မလိုတော့သဖြင့် လေယာဉ်ပျံကြောင့် ဖြစ်ပေါ်သော အသံဆူညံမှုများနှင့် လေထုညသ်ညမ်းမှုများ လျော့နည်းသွားမည်။ မြန်နှုန်းမြင့်ရထားလမ်းများ သုံးမည့်အစား ဟိုက်ပါကွင်းလမ်းကို သုံးခြင်းက ပိုအကျိုးရှိသည်။

အမ်စတာဒမ်-ရော့ဒ်တာဒမ် ဟိုက်ပါကွင်းလမ်းကို ဆယ်နှစ်အတွင်း အပြီးတည်ဆောက်ရန် ရည်မှန်းထားသည်။

ဖိအားနည်း ပြွန်အတွင်း ဟိုက်ပါကွင်း မော်တော်ယာဉ်များ အလိုအလျောက် သွားလာကြမည်။ လျှပ်စစ်သံလိုက်စက်ကွင်း တွန်းအားသုံးစနစ်ဖြင့် မောင်းနှင်မည်။
ခရီးသည်များအပြင် ကုန်စည်သယ်ယူပို့ဆောင်ရေးကိုလည်း ဝန်ဆောင်မှု ပေးအပ်သည်။

 

 

 

 

 

 

 

 

 

 

How To Read 111 times