Amazon ရဲ့ ဒေါ်လာ ၁.၅ဘီလျံ ဌာနချုပ် 'Helix' တာဝါ အဆောက်အဦအသစ်


03 February, 2021

အမေဇုံသည် အမြင်ကို ဖမ်းစားနိုင်မည့် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျမည်ဖြစ်သော  ဌာနချုပ်အသစ် 'Helix' တာဝါ တည်ဆောက်မည့် အစီအစဉ်များကို ထုတ်ဖော်ပြသခဲ့သည်။

အမေဇုံ၏ဌာနချုပ်အသစ်အတွက် ဗိသုကာဒီဇိုင်းသည် ကြောင်လိမ်မျှော်စင်နှစ်ခု လိမ်ယှက်ထားပြိး အမြင့်ပေပေါင်း ၃၅၀ ရှိသည်။

အဆိုပါဗီသုကာဒီဇိုင်းသည် အဆိုပြုသည့် အဆင့်တွင် ရှိပြီး အတည်ပြုချက် ရယူရန် တင်ပြခဲ့ခြင်း ဖြစ်သည်။ 


Amazon  ပေါက်ဖွားခဲ့သည့် စီတဲလ်မြို့တွင် ဌာနချုပ် အဆောက်အဦတစ်ခု ရှိထားပြီး ဖြစ်ပြီး ယခု ထပ်တိုးသည့် အဆောက်အဦကို ဌာနချုပ် အမှတ်(၂)အဖြစ် ထားရှိရန် ရည်ရွယ်သည်။ ၂၂ထပ် ရှိပြီး ရုံးခန်းကြမ်းခင်းဧရိယာ စတုရန်းပေ ၂.၈ သန်း ရှိမည် ဖြစ်သည်။

ကြေင်လိမ်ခွေပုံသဏ္ဍာန်တွင် မှန်နံရံများနှင့် သစ်ပင်စိမ်းစိမ်းများ တွဲဘက်ပေးထားပြီး အတွင်းတွင်လည်း စိမ်းစိုသည့် အပင်များ ထားရှိမည် ဖြစ်သည်။   ဝန်ထမ်းများနှင့် ဧည့်သည်များသည် အဆောက်အဦ အပြင်ဘက်မှ အတက်အဆင်း ပြုနိုင်မည် ဖြစ်ပြီး သဘာဝ သစ်ပင်များနှင့် ထိတွေ့မှု ရရှိစေမည် ဖြစ်သည်။

Helix အဆောက်အဦသို့ လာရောက်ကြည့်ရှုလိုသော အများပြည်သူတို့အတွက် တစ်လလျှင် သီတင်းပတ် ကုန်ဆုံးရက် နှစ်ရက် စီစဉ်ပေးထားမည်ဟု ဆိုသည်။

ကြောင်လိမ်ခွေတစ်လျှောက် ရှိနေမည့် သစ်ပင်များကြားမှ တောင်ကုန်းတက်သကဲ့သို့ တက်လာနိုင်မည်ဟု ဒီဇိုင်းထုတ်ပေးသည့် ဗိသုကာလုပ်ငန်း  NBBJ က ဆိုသည်။ 
NBBJ သည် Samsung နှင့် Microsoft ကော်ပိုရိတ် ဌာနချုပ်များကို ဗိသုကာဒီဇိုင်း ထုတ်ပေးခဲ့သည့် လုပ်ငန်းဖြစ်သည်။

အများပြည်သူ အသုံးပြုရန် နေရာများအဖြစ် ၂.၅ ဧက အကျဉ်အဝန်းကို သုံးစွဲမည် ဖြစ်သည်။ ထိုင်ခုံ ၂၅၀ ပါသည့် လေဟာပြင် အမိုးမဲ့ပွဲကြည့်စင် တစ်ခု ပါဝင်မည်။ စားသောက်ကုန် ရောင်းချမည့် ရွေ့လျားအရောင်းဆိုင်များနှင့် လယ်သမားဈေး တို့လည်း ပါဝင်သည်။ မြေညီထပ်တွင် လက်လီအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ ထားရှိမည် ဖြစ်သည်။ ၎င်းနေရာများသို့ ရောက်ရှိလာသူတစ်ဦးအနေဖြင့် အမေဇုံ ရုံးချုပ်သို့ ရောက်ရှိနေကြောင်း သတိပြုမိမည် မဟုတ်ဘဲ ပလာဇာတစ်ခုသို့ ရောက်ရှိနေသည်ဟုဟာ ထင်မြင်ယူဆမည် ဖြစ်သည်။

အဆောက်အဦကို ဆိုလာပါဝါဖြင့် ဓာတ်အားပေးမည်ဖြစ်သည်။ မိုးရေခံယူသိမ်းဆည်းပြီး ပြန်လည်သုံးစွဲသည့်စနစ်လည်း ပါမည် ဖြစ်သည်။ သဘာဝအလျောက် လေဝင်လေထွက် ရှိနေစေရန် ဒီဇိုင်းထုတ်ထားသည်။ အဆောက်အဦအတွင်းပိုင်းသို့ သဘာဝ နေအလင်းရောင် ရရှိစေရန်လည်း ထည့်သွင်းစဉ်းစားပြီး ဒီဖိုင်း ထုတ်ထားသည်။


 

Global Read 462 times