ရှေ့ပြေးစီမံကိန်းအနေဖြင့် စတင်အကောင်ထည်ဖော်နေသည့် အမရပူရမြို့ပြစီမံကိန်း


30 November, 2020

မန္တလေးမြို့တောင်ဘက် အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းတစ်လျောက်ရှိ မြေနုကျွန်းများပေါ်ရှိ မြေဧက ၄ဝ ပေါ်တွင် အမရပူရမြို့ပြစီမံကိန်းကို ရှေ့ပြေးစီမံကိန်းအနေဖြင့် စတင်အကောင်ထည်ဖော်နေပြီး ဖြစ် ကြောင်း အကောင်ထည်ဖော်သည့်ကုမ္ပဏီ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံမှ ပြောသည်။

လတ်တလောတွင် မြေနုကျွန်းပေါ်တွင် သဲဖို့နေပြီး ထိုလုပ်ငန်းစဉ်ပြီးလျှင် မြေသားကျစ်လျစ်အောင် ဆောင်ရွက်သည့်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟုလည်း သူကဆိုသည်။

စီမံကိန်းဧရိယာအတွင်းရှိ မြေ ၆၅ ရာခိုင်နှုန်းကို ဝယ်ယူရရှိထားပြီဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။


ထိုမြို့ပြစီမံကိန်းသည် ဧကပေါင်း ၂,ဝဝဝ ခန့်ရှိမည်ဖြစ်ပြီး မြစ်ကမ်းတစ်လျှောက်ရှိ မြေနုကျွန်းများနှင့် ကိုင်းမြေများပေါ်ရှိ ရေဝပ်နေရာများကို မြေဖို့ကာ

အကောင်အထည်ဖော်ရန် တိုင်းအစိုးရအဖွဲ့က ၂ဝ၁၆ ခုနှစ်က ခွင့်ပြုချက်ပေးခဲ့သည်။

ယခုကနဦးစီမံချက်အနေဖြင့် ဖော်ဆောင်မည့် မြေဧက ၄ဝ ပေါ်တွင် လူနေအဆောက်အအုံများ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ၊ စီပွားရေးလုပ်ကိုင်ရန် နေရာများ၊

အများပြည်သူ အပန်းဖြေရန် နေရာများ ပါဝင်လာမည်ဖြစ်ကြောင်း ပြောသည်။

ထိုမြို့ပြစီမံကိန်းကို တိုင်းစည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းပြီး အမရပူရမြို့ပြဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က

ဖော်ဆောင်နေခြင်းဖြစ်ကာ ကနဦး ရင်းနှီးမြုပ်နှံမှု ကျပ် ၅ဝဝ ဘီလျံ ထည့်သွင်းထားပြီး

စီမံကိန်း ကာလအား ၁ဝ နှစ် သတ်မှတ်ထားသည်။

''စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းဆိုတော့ သူက ၂၅ ရာခိုင်နှုန်း ခံစားခွင့်ရှိတယ်။ ခြောက်ထပ် အဆောက်အအုံနဲ့ ဝန်ထမ်းအိမ်ရာပေါင်း ၁,၂ဝဝ လောက် သူတို့ရမယ်။

နောက်လမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ မီးသတ်အဆောက်အအုံတွေ ရမှာပေါ့''ဟု ပြောသည်။

စီမံကိန်းတွင် ဟိုတယ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ ဆိပ်ကမ်းများ၊ ဈေးဝယ်စင်တာများ၊ ပန်းခြံများ၊ လူနေတိုက်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Mixed Use and Urban Read 58 times