လေယာဉ်တင်သင်္ဘောပုံစံပြဇာတ်ရုံကြီး


23 November, 2020

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ပုတုန့် ခရိုင်တွင် ပြဇာတ်ရုံကြီးတစ်ခုကို လေယာဉ် တင်သင်္ဘော ကြီးပုံစံနှင့် ထပ်တူ ပုံဖော်တည်ဆောက်ထားသည်။

အရှည် ၃၂၈ ပေရှိပြီး အမြင့် ၃၂ပေ ရှိသော လေယာဉ်တင်သင်္ဘောပုံစံပြဇာတ်ရုံကြီး ဖြစ်ပြီးပြဇာတ်ရုံခေါင်မိုးပေါ်တွင် လေယာဉ်ပေါ်ကအတိုင်း ပုံစံတူ စစ်လက်နက်အတုများဖန်တီးပုံဖော်ထည့်သွင်းထားသည်။

ကန်ကြီးတစ်ခုထဲတွင် ဆိုက်ကပ်ထားသည့်သင်္ဘောကြီးပုံစံဖန်တီးထားခဲ့ခြင်းဖြစ်ပြီး Oriental ဥယျာဉ်ကြီး၏ အမျိုးသားကာကွယ်ရေးနယ်မြေထဲတွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ စစ်တပ်၏ ပြတိုက်အဖြစ်လည်း ဖွင့်လှစ်ထားသော ထို ကွန်ကရစ်အဆောက်အအုံကြီး၏ ခေါင်မိုးထက်တွင် နေရောင်ခြည်စွမ်းအင် သိုလှောင်သော ဆိုလာပြားများနှင့်လည်း

တပ်ဆင်အသုံးပြုထားသော ပြဇာတ်ရုံကြီးအတွက်လိုအပ်သော စွမ်းအင်ကို ဖြည့်တင်းအသုံးပြုလျက်ရှိသည်ဟု သိရသည်။

ဧည့်သည်များအနေနှင့် ထိုပြဇာတ်ရုံကြီးတွင် လာရောက်လေ့လာနိုင်ပြီးတစ်ဦးကို ဝင်ကြေး ယွမ် ၅ဝ(၈ဒေါ်လာ)ကျသင့်သည်ဟု သိရသည်။

Global Hospitality Read 53 times