မြေဧက (၅၀) ကျော်ပေါ်မှာ အကောင်အထည်ဖော်မယ့် ကွန်တိန်နာယာဉ်ရပ်နားဝန်း


05 April, 2019

ရန်ကုန် ၊အလုံဆိပ်ကမ်းကို တိုးချဲ့တာနဲ့ ကွန်တိန်နာယာဉ်ရပ်နားဝန်း တည်ဆောက်ဖို့ အတွက် အိန္ဒိယနိုင်ငံ က အမေရိကန် ဒေါ်လာသန်း ၂၉၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့သိရပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုကိုတော့ နိုင်ငံတော်ပိုင် မြေဧကငါးဆယ်ကျော်မှာ အကောင်အထည်ဖော်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။
 
လက်ရှိမှာတော့ အိန္ဒိယဟာ မြန်မာနဲ့ ကုန်လမ်းနဲ့ရေလမ်းတွေကနေ ဆက်သွယ်ကုန်ကူးနိုင်ဖို့အတွက် ကုလားတန်ဘက်စုံသုံးစီမံကိန်းကို အကုန်အကျခံပြီး တည်ဆောက်နေပါတယ်။

ကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကိုလ်ကာတားမြို့ ကနေ နှစ်နိုင်ငံနယ်စပ်မီဇိုရမ်ပြည်နယ်ကိုဖြတ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့အထိ ဆက်စပ်လုပ်ဆောင်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

 ဒါအပြင် မြန်မာနိုင်ငံရဲ့ စွမ်းအင်လုပ်ငန်း၊ ဆက်သွယ်ရေး၊ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အိန္ဒိယက လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါသေးတယ်။

မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ ပြီးခဲ့တဲ့ မတ်လအထိစာရင်းအရ အိန္ဒိယနိုင်ငံက နံပတ် ၁၁ မှာရှိနေတာဖြစ်ပြီး လုပ်ငန်းပေါင်း (၃၀) လုပ်ကိုင်နေတာပါ။

Global Read 32 times