ခုံး​ကျော်​တံတားသစ် ဆောက်လုပ်စဉ် အလုံလမ်းကို(၁)လ​ ခေတ္တပိတ်မည်

26 December, 2020

အလုံလမ်းကို(၁)လ​ ခေတ္တပိတ်​၍ ရထားလမ်း၊ ကားလမ်း၊ ခုံး​ကျော်​တံတားသစ်​ စီမံကိန်းတံတား ချဉ်းကပ်နှင့်​​မြေကာနံရံများ​ ဆောင်​ရွက်​မည်​။

ရန်​ကုန်​တိုင်းဒေသကြီး အလုံမြို့နယ်​ အလုံလမ်းမကြီးနှင့် ရထားလမ်း ဖြတ်​သန်းရာ အလုံလမ်း ပိုင်းရှိ ရထားလမ်း/ကားလမ်း ခုံးကျော်​တံတားစီမံကိန်းကို မြန်​မာ့မီးရထား တံတား​ပေါင်​အလုပ်​ရုံ (မလွှကုန်း) အင်ဂျင်​နီယာဌာနမှ တာ၀န်​ယူ​ ဆောင်​ရွက်​လျက်​ရှိရာ လက်​ရှိတွင်​ တံတားတည်​​ဆောက်​မှု လုပ်​ငန်းများ ပြီးစီး​နေပြီး​ဖြစ်သော်လည်း ဆောင်​ရွက်​ရန်​ ကျန်​ရှိ​နေ​သော တံတားချဉ်းကပ်​လမ်းနှင့် မြေကာနံရံ လုပ်​ငန်းများ​ ဆောင်​ရွက်​နိုင်​​ရေးအတွက်​ ဗဟိုလမ်းနှင့် အောက်​ကြည့်မြင်​တိုင်​လမ်းကြားရှိ အလုံလမ်းအား ၂၀၂၁ ခုနှစ်​ ဇန်​နဝါရီ ၁ ရက်​​မှ ၃၁ ​ရက်အထိ (၁)လခန့် ခေတ္တခဏ လမ်းပိတ်​ထားမည်​ဖြစ်​​ကြောင်း မြန်​မာ့မီးရထား တံတား​ပေါင်​အလုပ်​ရုံ (မလွှကုန်း)ရုံးမှ သိရသည်​။

" အခုက တံတားက ပြီးပြီ​ပေါ့။ တံတားရဲ့ ချဉ်းကပ်​လမ်းနဲ့​ မြေကာနံရံ​လုပ်​ငန်းတွေ​ ဆောင်​ရွက်​​နေပါတယ်​။ ဒီအပိုင်းမှာ အလုံလမ်းကိုမပိတ်​ဘဲ​ မော်​​တော်​ယာဉ်​​တွေ သွားလာရင်းနဲ့ ကားလမ်းကို​ ရှောင်​ကွင်းပြီး လုပ်​တာက လုပ်​လို့ရတဲ့အထိကို​ ဆောင်​ရွက်​လာတာ အခုဆို ချဉ်းကပ်​နဲ့​ မြေကာနံရံလုပ်​ငန်းက (၄၅) ရာခိုင်​နှုန်းပြီး​နေပြီ။ ထပ်​မံ​ဆောင်​ရွက်​ဖို့ကျ​တော့ လမ်းမပိတ်​ဘဲ လုပ်​လို့မရ​တော့ဘူး​လေ။ လမ်း ပိတ်​ပြီး လုပ်​ရမှာ​တွေပဲ ကျန်​​တော့တယ်​။ ​အလုံလမ်းမကြီး​ပေါ်က​နေ ​ကျောက်​တုံး​တွေချတာ ကွန်​ကရစ်​​လောင်းတာ လမ်းခင်းဖို့​တွေကို​ ဆောင်​ရွက်​သွားမယ်​။ ​ကျောက်​​တွေ၊ သဲ​တွေထည့်ပြီး ကွန်​ကရစ်​​လောင်းတဲ့ အပိုင်းတွေကျန်​တယ်​၊ ဒါ​တွေက လမ်းပိတ်​ပြီး​ ဆောင်​ရွက်​ရ​တော့မှာမို့ ဒီလမ်းကို ခေတ္တ တစ်​လပိတ်​ပြီး အပြီး​ဆောင်​ရွက်​သွားမှာ ဖြစ်တယ်​၊ ပြီးတာနဲ့ ကား​တွေက ​ယခင်​သွားတဲ့ ​ဘေလီတံတားက​နေ သွားစရာမလိုဘဲ ခုံးကျော်​တံတားအသစ်​က​နေ ပုံမှန်​သွားလာနိုင်​မှာပါ၊ ကျန်​တဲ့အ​ချောသပ်​လုပ်​ငန်းတွေပါ ပါမယ်​ဆိုရင် အပြီးအစီး ​ဖေ​ဖော်​ဝါရီလထက်​ကို​ နောက်​မကျဘဲ အားလုံးပြီးစီးသွားနိုင်ပါတယ် " ဟု မြန်​မာ့မီးရထားတံတား​ပေါင်​အလုပ်​ရုံ (မလွှကုန်း) အင်​ဂျင်​နီယာမှုးဦး​မောင်​ချိုက​ ပြောသည်​။

 အလုံလမ်း ရထားခုံးကျော်​တံတား တည်​​ဆောက်​​ရေးစီမံကိန်း ဆောင်​ရွက်​ရန်​အတွက်​ ဗဟိုလမ်းမှ အလုံလမ်းကို အသုံးပြု၍ ​အောက်​ကြည့်မြင်​တိုင်​လမ်းဘက်​သို့ သွားလာကြမည့် မော်​​တော်​ယာဉ်​များ သည်​ ပန်းလှိုင်​လမ်းမှလည်းကောင်း၊ မင်းရဲ​ကျော်​စွာလမ်းမှတစ်​ဆင့် ချန်​ပါဖီလမ်း-သစ်​​တောလမ်း-နှင်းဆီကုန်းလမ်းများမှလည်းကောင်း မောင်းနှင်​​ပေးကြရန်​နှင့် ​အောက်​ကြည့်မြင်​တိုင်​လမ်းမှ အလုံလမ်းကို အသုံးပြု၍ ဗဟိုလမ်းဘက်​သို့သွားမည့် မော်​​တော်​ယာဉ်​များသည်​ ပန်းလှိုင်​လမ်းမှ လည်းကောင်း ချန်​ပါဖီလမ်း - သစ်​​တောလမ်း - နှင်းဆီကုန်းလမ်းများမှ တစ်​ဆင့် မင်းရဲ​ကျော်​စွာလမ်းမှလည်းကောင်းမောင်းနှင်​​ပေးကြပါရန်​ မြန်​မာ့မီးရထားမှ တိုက်​တွန်းအသိ​ပေးနှိုးဆော်ထား​ကြောင်းသိရသည်​။

အဆိုပါ အလုံလမ်း ရထားခုံးကျော်​တံတား တည်​​ဆောက်​​ရေးစီမံကိန်းသည်​ လက်​ရှိတွင်​ တံတား တည်​​ဆောက်​မှုလုပ်​ငန်းများ ပြီးစီး​နေပြီး တံတားအ​ပေါ်သို့ တက်​​ရောက်​မည့် ချဉ်းကပ်​လမ်းများနှင့် မြေကာနံရံများ တည်​​ဆောက်​​နေခြင်းဖြစ်​သည်​။

ယခုအခါတွင်​ရထားလမ်း/ကားလမ်းခုံးကျော်​တံတား အသစ်​တည်​​ဆောက်​မှုအဖြစ်​ အမြင့် ၁၇ ​ပေ ခွဲ အထိ မြင့်သွားပြီး အကျယ်​ ၅၅ ​ပေ အကျယ်​ရသည်​ အထိ ​ဆောက်​ရွက်​​လိုက်​ခြင်းဖြစ်​သည်​၊ ရေ​မြောင်းများ စနစ်​တကျ တည်​​ဆောက်​ခြင်း/ကား လမ်းကို လည်းယခင်​ ၂၆ ​ပေ ၆ လက်​မ ရှိ​နေရာမှ ယခု ၄၄ ​ပေ အကျယ်​အထိ  ဆောင်​ရွက်​ပြီး ​လေးလမ်းသွားကားလမ်း ဖြစ်​​ပေါ်လာမည်​ဖြစ်​​ကြောင်းသိသည်​။

အလုံလမ်းရထားခုံးကျော်​ အဆင့်မြှင့်တင်​ခြင်းလုပ်​ငန်းသည်​ RC ဘိုးပိုင်​ ​ဖောင်​​ဒေးရှင်းဖြစ်​ပြီး RC Card နှင့် RC Sharp ဖြင့်တည်​​ဆောက်​ပြီး တံတား​ပေါင်​မှထုတ်​လုပ်​​သော PC Girders ၅၇ ​ပေ ၃ လက်​မ ကိုတင်​ကာ ထိုမှတဆင့် RC ကွန်​ကရစ်​ ကြမ်းခင်းလောင်းပြီး တည်​​ဆောက်​ထားခြင်းဖြစ်​သည်​။ ထို အလုံးတံတား တည်​​ဆောက်​ခြင်းအတွက်​ ကျပ်​သန်း ၁၀၀၀ ခန့်အကုန်​ကျ ခံတည်​​ဆောက်​ခြင်းဖြစ်​​ကြောင်း မြန်​မာ့မီးရထား တံတား​ပေါင်​အလုပ်​ရုံ (မလွှကုန်း )ရုံးမှ သိရသည်​။

သတင်းစဉ်

 

 

 

Local Read 2321 times