နေပြည်တော်တွင် ပင်လယ်တု၊ရေလှိုင်းတုများပါဝင်သော အဆင့်မြင့်အပန်းဖြေစခန်းစီမံကိန်း


14 November, 2020

နေပြည်တော်ကောင်စီနယ်မြေအတွင်းနိုင်ငံတကာအဆင့်မီ ပင်လယ်တု၊ရေလှိုင်းတုများပါဝင်သော အဆင့်မြင့် အပန်းဖြေစခန်းစီမံကိန်း(One Stop Relaxation Complex Project)အား Naypyitaw Capacity Development Co.,Ltdမှ

မကြာမီအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းနေပြည်တော်စည်ပင်သာယာရေးကော်မတီပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ သိရသည်။

အဆင့်မြင့်အပန်းဖြေစခန်းစီမံကိန်းအတွက် မြေယာတိုင်းတာမှုများလုပ်ရန်စာတက်လာသည့်အတွက်ခွင့်ပြုပေးထားကြောင်း၊တိုင်းတာမှုများပြီးပါက နေရာသိရှိရမည်ဖြစ်ပြီး

ထို့အကြောင်းအရာနှင့်ပတ်သက်ပြီး ကော်မတီဝင်များ၊အမြဲတမ်းအတွင်းဝန်များအပြင် အခြားတာဝန်ရှိသူများနှင့် ဆွေးနွေးထားကြောင်း ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

***သင်စိတ်ဝင်စားနိုင်သော Zoning Plan ရေးဆွဲမှု ဒီဇင်ဘာတွင် အပြီးသတ်မည်***

နေပြည်တော်တွင် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအားဆွဲဆောင်နိုင်ရန် ဝန်ဆောင်မှုမြှင့်တင်ရေးနှင့် ပြင်ဆင်မှုအပိုင်းများကို ယခုထက်ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအတွက်

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)အတွင်း ရှားပါးလာပြီဖြစ်သည့် ဆလုံလူမျိုး၊ထရုံလူမျိုးတို့၏ ပြခန်းများနှင့်၎င်းတို့၏ ရိုးရာ၊ဓလေ့၊နေထိုင်မှုပုံစံများကိုမှတ်တမ်းရုပ်ရှင်များ ရိုက်ကူးပြသရန် လည်းဆောင်ရွက်နေကြောင်း သိရသည်။

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)သည်ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင် အမှတ် ၂၅၇/၂ အရှေ့ဘက်တစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး

စုစုပေါင်းဧက ၄ဝဝ ကျယ်ဝန်းကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်တည်လာပုံသမိုင်းများ၊တိုင်းရင်းသားလူမျိုးများ၏ နေထိုင်ပုံ၊အစားအစာ၊အလုပ်အကိုင်၊ယဉ်ကျေးမှုဓလေ့ထုံးစံများကို

လေ့လာနိုင်ရန်မြန်မာနိုင်ငံတစ်ဝန်းရှိယဉ်ကျေးမှုအမွေအနှစ်များ၊အဆောက်အအုံများ၊ဖွံ့ဖြိုးတိုးတက်မှုနှင့်သယံဇာတအရင်းအမြစ်များ၊သဘာဝအလှရှုခင်းများကို

တစ်နေရာတည်းတွင်တစ်စုတစ်ဝေးတည်းလေ့လာကြည့်ရှုနိုင်ရန်နှင့် အပန်းဖြေနိုင်ရန်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Pyi Myanmar

Local Mixed Use and Urban Read 53 times