မြို့လယ်က Y Complex Project အကြောင်း


01 January, 2020

ဘက်စုံသုံး အဆောက်အဦ ဆောက်လုပ်သည့် Y Complex Project သည် ရွှေတိဂုံဘုရားနှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး ယခင် စစ်သမိုင်းပြတိုက် တည်ရှိခဲ့သည့် နေရာ ဖြစ်သော ရွေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းထောင့် မြေနေရာ ဖြစ်သည်။ ဒဂုံမြို့နယ်၏ အချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။

ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် လုပ်ငန်းများ ဖြစ်ကြသော Fujita Corporation နှင့် Tokyo Tatemono Co., Ltd. တို့သည် ပြည်တွင်း လုပ်ငန်းစုကြီးတစ်ခု ဖြစ်သော Ayeyar Hinthar Holdings Co., Ltd ၏ Yangon Technical & Trading Co., Ltd(YTTC)နှင့်အတူ လက်တွဲ၍ ရန်ကုန်မြို့လယ်တွင် အရွယ်အစားကြီးမားသော အဆောက်အဦဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည်ဖော်သည်။ 

စီမံကိန်း စတင်အကောင်အထည်ဖော်ရန်အတွက် ဂျပန်ကုမ္ပဏီများ ဖြစ်ကြသည့် Fujita, Tokyo Tatemono နှင့်  Japan Overseas Infrastructure Investment Corporation တို့သည် စီးပွားဖက်များအဖြစ် လက်တွဲခဲ့ကြပြီး စင်ကာပူရှိ  SPC မှတစ်ဆင့် ပြည်တွင်း စီမံကိန်းကုမ္ပဏီ YTTC နှင့် အစီအစဉ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ဂျပန်ကုမ္ပဏီတို့က အများဆုံး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၅၀.၈ သန်းဖြင့် ပြည်တွင်းကုမ္ပဏီတွင် ရှယ်ယာ အများစုပိုင်ဆိုင်သူအဖြစ် ပါဝင်သည်။

အဆင့်မြင့် ရုံးခန်း အဆောက်အဦ၊ ဆိုင်ခန်းများ အဆောက်အဦနှင့် ဟိုတယ်တစ်ခု ပါဝင်သည်။ ကကြမ်းခင်းဧရိယာမှာ ၉၂ ၀၀၀ စတုရန်း မီတာဝန်းကျင် ဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ် ခန့်မှန်းချက်မှာ အမေရိကန်ဒေါ်လာ ၃၃၂.၅ သန်း (ဂျပန်ယန်း ၃၇.၇ ဘီလျံ) ဖြစ်သည်။ 

တာဝန်ယူဆောင်ရွက်မည့် အပိုင်းကဏ္ဍကို သတ်မှတ်ရာ၌ Fujita က စီမံကိန်းအတွက် planning နှင့် ဆောက်လုပ်ရေးတို့ကို တာဝန်ယူသည်။ ရုံးခန်းများ ဆိုင်ခန်းများ လည်ပတ်သည့်အခါ စီမံခန့်ခွဲရန် Tatemono က တာဝန်ယူသည်။ ဘက်စုံ အဆောက်အဦတွင် ပါတင်သည့် ဟိုတယ်ကို ဂျပနနိုင်ငံ တိုကျိုမြို့ အခြေစိုက် Hotel Okura Co., Ltd က လုပ်ကိုင်မည် ဖြစ်သည်။  သို့ဖြစ်ရာအရွယ်အစားကြီးမားသော ဘက်စုံအဆောက်အဦစီမံကိန်းတွင် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပေါင်းစပ်ပါဝင်နေသော public private partner (PPP)  အနေဖြင့် လုပ်ကိုင်ကြသည်။ 

စီမံကိန်း မြေဧရိယာ ၁၆ ၀၀၀ စတုရန်းမီတာတွင်  ကြမ်းခင်းဧရိယာ  ၉၂ ၀၀၀ စတုရန်း မီတာ ရှိမည့် အဆောက်အဦ ဆောက်လုပ်ရေးကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်မည်ဟု လျာထားသည်။

Fujita Corporation သည် သီလဝါ အထူးစီးပွားရေးဇုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ ထုပ်ပိုးစက်ရုံ Oji Myanmar Packaging Co. Ltd.   ကို ၂၀၁၆ ခုနှစ် ဇွန်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။  Logistics factory Construction ဖြစ်သော FUJITRANS LOGISTICS (MYANMAR) CO., LTD အတွက် အဆောက်အဦကို ၂၀၁၇ ခုနှစ် မေလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ စည်သွပ်ဘူးလုပ်ငန်း Yangon Can Manufacturing Co., Ltd. ၏ အဆောက်အဦကိုလည်း  ၂၀၁၇ ခုနှစ် မေလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ Ryobi Myanmar Distribution Service Company Limited စားသောက်ကုန် သိုလှောင်ရုံကို ၂၀၁၈ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

 Tokyo Tatemono Co., Ltd လုပ်ကိုင်ခဲ့သော စီမံကိန်းများမှာ  ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ Marina Residence  ရွှေတိဂုံ ဘုရားလမ်းရှိ ဆောက်လုပ်ရေးဝန်ကြီးရုံးဟောင်းကို ပြန်လည် မွမ်းမံဆောက်လုပ်သည့် Prime Hill Business Square တို့ ဖြစ်သည်။

 Ayeyar Hinthar Holdings Company Limited ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ထူထောင်ခဲ့ပြီး စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပတင်ပို့ခြင်း၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး။ ဆေးရုံစီမံခန့်ခွဲမှု အစရှိသည်တို့ကို လုပ်ကိုင်ပြီး Y Complex Project တွင် ယင်း၏ လက်အောက်ခံကုမ္ပဏီတစ်ခု ဖြစ်သော YTTC က ပါဝင်လုပ်ကိုင်သည်။ 

Residential Read 51 times