ကမ္ဘာပေါ်ရှိ အန္တရာယ်အများဆုံး တံတားများအကြောင်း


01 January, 2020

ကမ္ဘာပေါ်တွင် စိတ်ဝင်စားစရာတွေကောင်းတဲ့ တံတားအမျိုးအစား အများကြီးရှိပါတယ်။ သင်ဟာ ထူးထူးဆန်းဆန်း လုပ်ရတာ ဝါသနာပါတဲ့သူမျိုးဆိုရင်တော့ သွားရောက်သင့်ပါတယ်။ ကမ္ဘာပေါ်ရှိ အန္တရာယ်အများဆုံး တံတားများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

The Royal Gorge Bridge

 Royal Gorge တံတားဟာ အမေရိကန်ပြည်ထောင်စုမှာတည်ရှိပြီး အမြင့်ဆုံးတံတားတစ်ခုလည်းဖြစ်ပါတယ်။ ဒီတံတားရဲ့စိတ်ဝင်စားဖွယ်ကောင်းတာကတော့ ၁၉၂၉ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ အဲ့ခေတ်မှာ လေဘယ်လ်ကြိုးတွေ မရှိသေးပါဘူး။ ဆယ်စုနှစ်များစွာကြာပြီးနောက် ထိုတံတားဟာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိပါတယ်။

The Monkey Bridges

 Monkey တံတားဟာ ဗီယက်နမ်နိုင်ငံမှာတည်ရှိပြီးတော့ မြစ်ဝကျွန်းပေါ်တွေကို ဖြတ်သန်းသွားလာနိုင်ရန်အတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ထိုတံတားကို လူကြိုက်များစေတဲ့ အဓိကအချက်ကတော့ ဝါးတစ်ကြောင်းတည်းဖြင့် အောက်ခြေကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သင်ဆိုရင်ရော ဒီတံတားမျိုးကို ဘယ်လိုဖြတ်သန်းမလဲ။ မျောက်တွေရဲ့ သွားလာပုံကို ကြည့်ပြီးတော့ သွားလို့ရပါတယ်နော်။

The Hussaini Hanging Bridge

 Hussaini Hanging တံတားဟာ ပါကစ္စတန်နိုင်ငံမှာတည်ရှိပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး တံတားတစ်စင်း ဖြစ်ပါတယ်။ အဆိုပါတံတားဟာ Hunza မြစ်ကိုဖြတ်သန်းတည်ဆောက်ထားကာ အက်ကွဲကြောင်းများဖြစ်ပေါ်လျှက်ရှိနေပါတယ်။ တံတားဟောင်းရဲ့အကြွင်းအကျန်တွေက အဆိုပါ Hussaini Hanging တံတားအနီးပတ်ဝန်းကျင်တွင်ရှိနေခြင်းကလည်း အန္တရာယ်ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ချက်ပဲ ဖြစ်ပါတယ်။

 The Seven Mile Bridge

 Seven Mile တံတားဟာ ဖလောရီဒါတွင်တည်ရှိပြီး လွန်ခဲ့သောနှစ်များက Seven Mile တံတားကို ဖျက်သိမ်းခဲ့ပါတယ်၊။ ဘာကြောင့်လဲဆိုတော့ လှေတွေ ဖြတ်သန်းခြင်းကို တားဆီးထားတာကြောင့် ဖြစ်ပါတယ်။ ဒီတံတားကို လုံခြုံတယ်လို့ထင်ရသော်လည်း ဖလော်ရီဒါရဲ့ ဟာရီကိန်း ရာသီမှာဆိုလျှင် အတော်လေးကို ကြောက်စရာကောင်းပါတယ်။

 The Deception Pass Bridge

 Deception Pass တံတားဟာ ဝါရှင်တန်ပြည်နယ်မှာတည်ရှိပြီး ဒေသခံကျွန်း ၂ ကျွန်းကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

တံတားတည်ဆောက်မှုဟာ လုံခြုံမှုရှိသော်လည်း အမြင့်ပေ ၁၈၀ ရှိသောကြောင့် စိတ်လှုပ်ရှားဖွယ်ဖြစ်နိုင်ပါတယ်။

The Pontchartrain Causeway

Pontchartrain Causeway တံတားက Pontchartrain, Louisiana တွင် တည်ရှိပြီး အမြင့် ၁၆ ပေရှိတဲ့ ရေမျက်နှာပြင်ပေါ်ကို ဖြတ်ကူးသော တံတားတွေထဲမှာ အရှည်ဆုံး တံတား တစ်စင်းဖြစ်ပါတယ်။

ဒီတံတားရဲ့ ကြောက်ဖို့ကောင်းစေတဲ့ အချက်ကတော့ လမ်းတစ်လျှောက်မှာ ကုန်းမြေတွေ မမြင်ရတာ အမှန်တကယ်ဖြစ်တာကြောင့် လူတချို့ဟာ မရေမတွက်နိုင်သော တံတားကို ဖြတ်သန်းပြီး ခရီးသွားနေရတယ်လို့ ခံစားကြရပါတယ်။

The Canopy Walk

Canopy Walk တံတားဟာ ဂါနာနိုင်ငံတွင်တည်ရှိပြီး အရှည်မှာ ၁၀၀၀ ဝန်းကျင်ရှိ၍ အမြင့်ပေ ၄၀ မြင့်တဲ့အတွက် လေထဲမှာဝဲနေသလိုမျိုး ခံစားနေရမှာပါ။ 

ဒီတံတားရဲ့ စိတ်ဝင်စားဖွယ်ကောင်းတာကတော့ သစ်ပင်တွေကို ဖြတ်ပြီး လမ်းလျှောက်ရတာပါပဲ။ ထိုလျှောက်လမ်းကို ဖြတ်သန်းသွားတဲ့သူတွေအနေနဲ့ မျောက်တွေ ငှက်တွေနဲ့လည်းကြုံတွေ့ရနိုင်ပါတယ်။

The Langkawi Sky Bridge

Langkawi Sky တံတားဟာ မလေးရှားနိုင်ငံမှာတည်ရှိပြီး မြေပြင်မှ အမြင့်ပေ ၄၀၀ ကျော် ကွာဝေးပါတယ်။

တံတားပေါ်ဖြတ်လျှောက်သူတိုင်းကို လဲကျအောင်လုပ်နိုင်တဲ့စွမ်းအားရှိတာကြောင့် တံတားကို တစ်ကြိမ်ပိတ်ထားခဲ့ရဖူးတယ်ဆိုတ ဲ့ကောလဟလကြောင့်လည်း လူတွေက အဆိုပါတံတားကိုကြောက်ရွံ့ကြတာဖြစ်ပါတယ်။

တံတားတည်ဆောက်ဖွဲ့စည်းမှုအရ လုံခြုံမှုှုရှိကြောင်း စစ်ဆေးပြီးခဲ့သော်လည်း ကောလဟာလတွေက ပျောက်ကွယ်သွားခြင်းတော့ မရှိပါ။

The Mount Titlis Bridge

Mount Titlis တံတားက ဆွစ်ဇာလန်နိုင်ငံ၏ တောင်တန်းပေါ်မှာတည်ရှိပြီး မြေပြင်မှ မီတာ ၃၀၀၀ အကွာတွင်တည်ရှိကာ အလွန်ကျဉ်းမြောင်းလွန်းပါတယ်။

သို့သော် အမြင့်ဆုံးအနေအထားတွင် ရှိသော်လည်း ကမ္ဘာပေါ်တွင် အလုံခြုံဆုံး တံတားတစ်စင်းအဖြစ် သတ်မှတ်ထားပါတယ်။

The Vitim River Bridge

Vitim မြစ်ကူးတံတားဟာ ရုရှားနိုင်ငံမှာတည်ရှိပြီး သစ်သားအစိတ်အပိုင်းများက သက်တမ်းရင့်နေသည့်အပြင် ဘေးဘက်တွင် အစောင့်စည်းများလည်း မပါရှိပါဘူး။

ပိုဆိုးတာကတော့ သစ်သားပျဉ်ပြားများက မလုံလောက်ကာ ဆောင်းတွင်းမှာ တော်တော် အန္တရာယ်များပါတယ်။

နောက်ထပ် အန္တရာယ်အများဆုံး တံတားများအကြောင်းများကိုလည်း တင်ဆက်ပေးသွားဦးမှာပါ။

Tips Read 141 times