ကမ္ဘာ့အံသြဖွယ်ကောင်းသော တံတားများအကြောင်း


01 January, 2020

ကမ္ဘာပေါ်တွင်ထူးဆန်းသောအရာများ၊ ကြောက်ဖို့ကောင်းသောအရာများသာမက သင်မထင်မှတ်ထားသောအရာများစွာလည်းရှိနေနိုင်မယ်ဆိုတာကို ယုံကြည်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်တွင်ရှိသော အံသြဖွယ်စရာကောင်းလွန်းတဲ့ တံတားတွေအကြောင်း အပိုင်း (၁) ကို ဖော်ပြပေးလိုက်ပါတယ်။

Danyang-Kunshan Grand Bridge, China

a view of a city: 1-danyang-kunshan-grand-bridge.jpg

Danyang-Kunshan Grand တံတားဟာ ၁၀၂ မိုင်ရှည်ပြီးတော့ ကမ္ဘာအရှည်ဆုံးတံတားတစ်စင်းလည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးတော့ ထိုတံတားကို လူအယောက် ၁၀၀၀၀ ဝန်းကျင်ခန့်ဖြင့် ၄နှစ်ကြာတည်ဆောက်ခဲ့ကာ ပေါင် ၆.၅ ဘီလီယံလောက် ကုန်ကျခဲ့ပါတယ်။

မယုံနိုင်စရာကောင်းတာကတော့ ထိုတံတားဟာ Shanghai ကနေ Nanjing ကို ဆက်သွယ်ထားပေးထားတာလည်းဖြစ်ပါတယ်။


Millau Viaduct, France

Millau Viaduct over a body of water: 2-millau-viaduct.jpg

Millau Viaduct တံတားဟာ ပြင်သစ်နိုင်ငံမှာတည်ရှိပြီး အလွန်မြင့်တဲ့ Eiffel မျှော်စင်ကို ကျော်လွန်ကာ ကမ္ဘာအရှည်ဆုံးတံတားတစ်စင်း ဖြစ်ပါတယ်။

ထိုတံတားကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးတော့ ၃၄၃ မီတာအထိမြင့်ပါတယ်။ Clermont-Ferrand နှင့် Béziers နှင့် Narbonne အကြားရှိ Tarn ချိုင့်ဝှမ်းကို ဖြတ်သန်းသွားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။

ရုပ်ထုတည်ဆောက်ပုံနှင့် မတူညီသောအမြင်များအတွက် စိတ်အားထက်သန်သူများကတော့ တံတားအောက်ကနေ လှေလှော်ကာ သွားလို့ရပါတယ်။

Ribblehead Viaduct, North Yorkshire

a large building with a mountain in the background: 3-ribblehead-viaduct-a-train-crossing-the-ribblehead-viaduct-in-the-shadow-of-the-snow-capped-whernside-mountain-rex.jpg

Ribblehead Viaduct တံတားဟာ ကျောက်တုံး ၂၄ ခုဖြင့် ဖွဲစည်းထားပြီး အောက်ဘက်လွင်ပြင်ကနေ အထက် ၃၂ မီတာအကွာမှာ တည်ရှိပြီး ဗစ်တိုရီးယား အင်ဂျင်နီယာ၏ အကောင်းဆုံးလက်ရာ တစ်ခုလည်း ဖြစ်ပါတယ်။

ထိုတံတားကို ၁၈၇၀ ခုနှစ်မှ ၁၈၇၄ ခုနှစ်အကြားမှာတည်ဆောက်ခဲ့ကာ တံတားက အဆင့် ၂ အနည်းငယ် တိမ်းစောင်းမှုရှိပြီး ၁၉၈၈ ခုနှစ်မှာတော့ အန္တရာယ်ကင်းရှင်းကြောင်း အတည်ပြုခဲ့ပါတယ်။

လှပသော Settle-Carlisle မီးရထားလမ်းကြောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီတံတားဟာ သုံးတောင်ထိပ်စိန်ခေါ်မှု အလယ်မှာတည်ရှိပြီးတော့ Cumbria နှင့် Yorkshire နယ်စပ်တွင်တည်ရှိပါတယ်။


Vasco da Gama Bridge, Portugal

a view of the water: 4-vasco-da-gama-bridge-rex.jpg


Vasco da Gama တံတားဟာ ၁၀မိုင်အကွာရှိ ပေါ်တူဂီမြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ပေးထားတာဖြစ်ပြီး ဥရောတိုက်တွင် အရှည်ဆုံး တံတားတစ်စင်းဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်တွင် တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ၁၅ ရာစုအတွင်း အိန္ဒိယနိုင်ငံကို ပင်လယ်ရေကြောင်းဖြင့် ပထမဆုံးရောက်ရှိခဲ့တဲ့ ပေါ်တူဂီစူးစမ်းရှာဖွေသူကို အစွဲပြုပြီးတော့ တံတားကို အဆိုပါ အမည်ပေးခဲ့တာဖြစ်ပါတယ်။

ထိုတံတားဟာ တန်ဂူဖြစ်ကိုဖြတ်သန်းပြီးတော့ တစ်နာရီလျှင် ၁၅၅ မိုင်အထိ တိုက်ခတ်နိုင်တာကြောင့် တံတားကို ခြေလျင်တော့ သွားလို့မရပါဘူး။


Beipanjiang Bridge, China

a bridge over a river: 5-beipanjiang-bridge-rex.jpg


Beipanjiang သို့မဟုတ် Duge တံတားဟာ အမြင့်ပေ ၅၆၀ မီတာကျော်ကာ တရုတ်နိုင်ငံမှာ တည်ရှိပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံးတံတားတစ်စင်း ဖြစ်ပါတယ်။

ထိုတံတားဟာ Liupanshui နှင့် Qujing မြို့များကို ဆက်သွယ်ပေးထားတဲ့ အမြန်လမ်းမကြီးဖြစ်ပြီး ခရီးသွားချိန်ကို ၃ နာရီအထိ လျှော့ချပေးနိုင်ပါတယ်။

London's Shard ၏ နှစ်ဆနီးပါးလောက်မြင့်ပြီးတော့ တံတားကို တည်ဆောက်ဖို့အတွက် £ 88m ကုန်ကျခဲ့ပါတယ်။

Global Tips Read 262 times