Abolishion Old Mingalar Market and Take New Tinder for Architects


27 October, 2020

ရန်ကုန်မြို့ရှိ ယခင်ကမီဘေးသင့်ခဲ့သည့်  မင်္ဂလာMarket ဟောင်းကို  နှစ်လအတွင်းအပြီး  ဖျက်သိမ်းနေပြီ ဖြစ်ကြောင်းသိရသည်။

မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာMarket အားပြန်လည်ဖျက်သိမ်းရန်အတွက် အဖွဲ့အစည်း၊ ကုမ္ပဏီများကို စက်တင်ဘာလအတွင်း တင်ဒါခေါ်ယူခဲ့ကြောင်းသိရသည်။

ထိုတင်ဒါအတွက် ထွန်းရတနာခင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဧကရီဖူးကုမ္ပဏီတို့တင်ဒါတင်သွင်းခဲ့ရာ ဧကရီဖူး ကုမ္ပဏီမှတင်ဒါအော်၍ ဖျက်သိမ်းခွင့် ရခဲ့ကြောင်းသိရသည်။

ယင်းကုမ္ပဏီမှ ဖျက်သိမ်းခြင်းလုပ်ငန်းကို အောက်တိုဘာလ ၂၄ ရက်နေ့မှစတင်လုပ်ဆောင်နေပြိး တင်ဒါစည်းကမ်းချက်များအရ ရက်ပေါင်း ၆၀ အတွင်းအပြီးဖျက်သိမ်းရန်သတ်မှတ်ထားသည် ဟုသိရသည်။

ယခင်မီးလောင်သွားသည့် မင်္ဂလာMarket ဟောင်းကို ဖျက်နေပြီးဖြစ်ရာ နှစ်လခွဲနီးပါးရှိနေပြီးဖြစ်သော်လည်း မပြီးသတ်သေးကြောင်းသိရသည်။

ထိုအဆောက်အအုံကို ဖျက်သိမ်းနေစဉ် ဗိသုကာဒီဇိုင်းတင်ဒါ ခေါ်ယူသွားမည် ဟု သိရသည်။

တင်ဒါခေါ်ယူပြီးပါက တည်ဆောက်ရေးနှင့်ပတ်သက်ပြီး အဆင့်များစွာရှိသည့်အတွက် စတင်မည့်အချိန်နှင့် အပြီးသတ် တည်ဆောက်မည့် အချိန်ကို ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

ထိုမင်္ဂလာ market သည် ၂၀၁၀ ပြည့်နှစ်တွင်တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ်မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိသည့်အနက် အခန်းပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးသွားခဲ့ပြီး ယခုကဲ့သို့ပြန်လည် ဖျက်သိမ်းနိုင်ခဲ့ကြောင်းသိရသည်။

ယင်းမီးလောင်သွားသောနေရာများအတွက် ယာယီအဖြစ် ရွှေမင်္ဂလာMarket ၏ ငါးလွှာကို အစားထိုးပေးအပ်ထားခြင်း ဖြစ်သည်။

ထိုမီးလောင်ခံထားရသောဆိုင်ပိုင်ရှင်များက မီးလောင်သွားသော အဆောက်အအုံကို ပိုမိုကျယ်ဝန်းခိုင်ခံပြီး မီးဘေးအန္တရာယ် လုံခြုံစိတ်ချရသော အဆင့်မြင့်Marketအဖြစ် ပြန်လည်တည်ဆောက်စေလိုသည် ဟုသိရသည်။

ယင်းMarket အပြင်မင်္ဂလာMarket ဝင်းအတွင်းရှိ market အားလုံးကို ခေတ်မီအောင်ဆောက်လုပ် ပေးစေလိုကြောင်း ပြောကြားသည်ဟုသိရသည်။

Source:Daily Eleven and Democracy Newspaper

Infrastructure and Zones Read 87 times