ကျပ်သိန်း ၃၀၀ အကုန်ကျခံကာ သေနတ်ပစ် လေ့ကျင့်ရေးကွင်း တည်ဆောက်လျက်ရှိ


19 December, 2020

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ခရိုင်အားကစားကွင်းကြီးတွင် သေနတ်ပစ်အားကစား လေ့ကျင့်ရေးကွင်း တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအားကစားကွင်းသည် လက်ရှိတွင် ပေ (၂၀× ၆၀) အဆောက်အအုံကို ငွေကျပ် သိန်း ၃၀၀ အကုန်ကျခံကာ ဆောက်လုပ်လျက်ရှိရာ သေနတ်ပစ် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီးတည်ဆောက်နေခြင်းဖြစ်သည်။

သေနတ်ပစ် လေ့ကျင့်ရေးကွင်းတည်ဆောက်ပြီးစီးပါက ပွိုင့် ၂၂ ရိုင်ဖယ်ဖြင့် လေ့ကျင့်နိုင်သော မီတာ ၅၀ ရှိ လေ့ကျင့်ရေးရုံ၊ လေရိုင်ဖယ်နှင့် လေပစ္စတို အားကစားနည်းများ လေ့ကျင့်နိုင်မည့် ၁၀ မီတာ လေ့ကျင့်ရေးရုံ စုစုပေါင်း (၂) ရုံ ပါရှိမည်ဖြစ်၍ အဖွဲ့ဝင်ကြေး ငွေကျပ် ၃သောင်း ပေးသွင်းကာ လေ့ကျင့်သင်ကြားနိုင်မည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါလေ့ကျင်ရေးကွင်းကို ဇန်နဝါရီလမှ စတင်တည်ဆောက်နေတာဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက်များတွင် လေ့ကျင့်ရေးကွင်းနှင့်သင်တန်း ဖွင့်ပွဲလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Mixed Use and Urban Region Read 201 times