စပါးခွံအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကို တည်ဆောက်မည်


14 November, 2020

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြတွင် ၁ဒသမ ၈မဂ္ဂါဝပ်ထုတ်လုပ်မည့် စပါးခွံအသုံးပြုသည့် လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစက်ရုံကို ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့် Fujita နှင့်ပြည်တွင်းမှ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်(MAPCO)တို့ပူးပေါင်းပြီး Myaung Mya FM Biomass Power Co.,Ltd ကို

ဖက်စပ်ထူထောင်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အကျိုးတူပူးပေါင်းမှုတွင် MAPCO သည် ၂ဝရာခိုင်နှုန်းနှင့် Fujita သည် ၈ဝရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ကြောင်း သိရသည်။

ယင်းပရောဂျက်သည် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုကို လျှော့ချရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏မြန်မာနိုင်ငံအတွက်

၂ဝ၁၆မှ ၂ဝ၁၈ခုနှစ်အတွင်းဆောင်ရွက်မည့်လုပ်ငန်းများမှ တစ်ခုဖြစ်ကြောင်းသိရသည်။

ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားမှ စက်ရုံအတွက် ၂ဝ၁ကီလိုဝပ်ကို အသုံးပြုကာ ၁ ဒသမ ၆၁၅မဂ္ဂါဝပ်ကိုပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားတစ်နာရီလျှင်ကီလိုဝပ်၃၈၇၆ဝထွက်ရှိရန်အတွက် တစ်ရက်လျှင်စပါးခွံ ၅၅ဒသမ၂တန် ကိုအသုံးပြုရမည်ဖြစ်ပြီး နှစ်စဉ်စပါးခွံ ၁၈၂၁၆တန်ကို အသုံးပြုရမည်ဖြစ်သည်။

ယင်းလုပ်ငန်းစဉ်အတွက်စပါးခွံများကိုလညး် ဒေသတွင်းရှိဆန်စက်များမှ ရယူသွားမည်ဖြစ်ကာ Fujita အနေဖြင့် စက်မှုပိုင်းဆိုင်ရာနှင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source:Pyi Myanmar

Factory and Industrial Plant Read 101 times