ကျူးကျော်အဆောက်အအုံများအတွက် မြို့သစ်တစ်ခုဖော်ဆောင်မည်


23 November, 2020

မြောက်ဦးဒေသကို ယူနက်စကို စာရင်းဝင်ရန် အတွက် သုတေသန လုပ်ငန်းများဆောင်ရွက်ပြီးယဉ်ကျေးမှုနယ်မြေမှ ကျူးကျော်အဆောက်အအုံများအတွက် မြို့သစ်တစ်ခုဖော်ဆောင်မည်ဟု သိရသည်။

အဆောက်အအုံများ ပြောင်းရွေ့ရန် မြေနေရာမှာ မြောက်ဦးမြို့ နယ်မြောက်ဘက်မော်ဖီကန်နှင့် အုတ်ခေါ်ကန်ကျေးရွာအနီးမြေဧက ၁ဝဝပေါ်တွင် အထပ်မြင့်အဆောက်အအုံတည်ဆောက်ခွင့်ပြုမည်မဟုတ်ကြောင်း၊

ကျန်မြေဧက ၅ဝဝ ဧက ပေါ်တွင်လွတ်လပ်စွာ တည်ဆောက်ခွင့်ပေးမည်ဖြစ်ကြောင်းမြောက်ဦးခရိုင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျူးကျော် အဆောက်အအုံ များအတွက် ပြောင်းရွေ့ပေးရမည့် သတ်မှတ် မြေဧက ၆ဝဝပေါ်တွင် ယန္တရားများနှင့် မြေညှိ လုပ်ငန်းများ ဆောင်ရွက်နေပြီ ဟု သိရသည်။

မြောက်ဦးဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်း နိုင်ရန် သုတေသန လုပ်ငန်းများကို ၁ဝ ရက်ကြာ လုပ်ဆောင်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဌာနမှ သိရသည်။

တရုတ်နိုင်ငံ Chinese Academy of Science,Shanghai Research Institute တို့ဦးဆောင်သည့်အဖွဲ့နှင့် ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ဧပြီလ ၁ရက်နေ့မှ

၁ဝရက်နေ့အထိ မြောက်ဦးဒေသတွင် သုတေသန လုပ်ငန်းများ ဆောင်ရွက်နေသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းသွင်းရန် ဇုန်အတွင်းရှိ အချက်အလက်ကောက်ယူခြင်း၊ဂြိုဟ်တု ဓာတ်ပုံ၊GIS မြေပုံများ၊ကောင်းကင်ဓာတ်ပုံများရရှိရေးအတွက် တရုတ်နိုင်ငံ South East University နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး

လုပ်ငန်းစဉ်တစ်ခုလုံးကို တရုတ်နိုင်ငံမှ တာဝန်ယူကူညီ ပေးမည်ဟု သိရသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းတင်သွင်းသည့်အခါ ဒေသခံများအကျိုးစီးပွားမထိခိုက်စေရန် ဒေသခံများကို ပိုမိုကောင်းမွန်သည့် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားတိုးတက်ရေး ရရှိရန် ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Local Mixed Use and Urban Read 41 times