ပင်လုံဆေးရုံကြီးမှ ထူးခြားသည့် အောင်မြင်မှုမှတ်တိုင် တစ်ခု


04 December, 2020

မြောက်ဒဂုံမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ထိပ်တန်း ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ပင်လုံဆေးရုံကြီးမှ ထူးခြားသည့် အောင်မြင်မှုမှတ်တိုင် တစ်ခုအဖြစ်

ပင်လုံ PET/CT & SPECT/CT Imaging Centre နှင့် Nuclear Medicine ဌာန တစ်ခုကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဇူလိုင် ၁၅ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

သုံးနှစ်တိုင်တိုင် အချိန်ယူ ပြင်ဆင်ခဲ့ပြီး အဆောက်အဦး နှင့် စက်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ၄ မီလီယံ ရင်းနှီးမြုပ်နှံထားပါသည်။

နိုင်ငံရပ်ခြားသို့ ပညာတော်သင် စေလွှတ်သင်ကြားထားသော ဝန်ထမ်းများက နိုင်ငံတကာ အသိအမှတ်ပြု ရေဒီယိုသတ္တိကြွဆေးကို အသုံးပြု၍ ရောဂါရှာဖွေစစ်ဆေးခြင်း ဝန်ဆောင်မှုများ ပေးအပ်နိုင်ပြီ ဖြစ်သည်။

PET/CT နှင့် SPECT/CT ပုံရိပ်ဖော် ရောဂါရှာဖွေစစ်ဆေးမှုများမှာ ဒေသခံပြည်သူများအတွက် မရှိမဖြစ်လိုအပ်နေသည့် ကျန်းမာရေးစစ်ဆေးရန် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပင်လုံဆေးရုံကြီးမှ ဝန်ဆောင်မှုပေးနိုင်ဖြစ်သည်။

ရန်ကုန်မြို့၏ ပထမဦးဆုံး ကင်ဆာရောဂါ ကုသရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်လျက်ရှိသော ပင်လုံ ကင်ဆာအထူးကု စင်တာကြီးနှင့်အတူ PET/CT & SPECT/CT Imaging Centre ကြီးကိုပါ ထပ်မံ ဖွင့်လှစ်လိုက်ပြီ ဖြစ်သောကြောင့်

ပင်လုံဆေးရုံကြီးသည် ကင်ဆာရောဂါ ရှာဖွေကုသရာတွင် လိုအပ်သည့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရရှိနိုင်သည့် ဆေးရုံကြီးအဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

Imaging Centre သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူနာများအတွက် ကင်ဆာရောဂါပျံ့နှံမှု အဆင့်သတ်မှတ်ချက်များ အခြေအနေကို စောလျင်စွာ တိတိကျကျ စစ်ဆေးသိရှိနိုင်ပြီး

အခြား ရောဂါအမျိုးအစား များစွာကိုလည်း စမ်းသပ်စစ်ဆေးနိုင်ရန် အရေးပါသည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ကူညီ ပံ့ပိုးသွားမည် ဖြစ်သည်။

ယခုကဲ့သို့ ကျန်းမာရေး ဝန်ဆောင်မှုများကို ခံယူရန် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် မလိုတော့သဖြင့် လူနာများအတွက်လည်း ယခင်ကထက် ပိုမို လွယ်ကူအဆင်ပြေ သွားမည် ဖြစ်ပါသည်။

ဇူလိုင် ၁၅ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် PET/CT & SPECT/CT Imaging Centre ဖွင့်ပွဲအခမ်းအနားတွင် ပင်လုံဆေးရုံကြီး၏ CEO ဖြစ်သူ ဦးကောင်းမြတ် က “ပင်လုံဆေးရုံကြီးကနေ

မြန်မာနိုင်ငံမှာ အကောင်းဆုံး ကျန်းမာရေး စောက်ရှောက်မှုတွေ ပေးအပ်နိုင်ဖို့ဆိုတာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဒေါက်တာ ဦးဇော်ထွန်းရဲ့ အိပ်မက်တစ်ခုပါ။ အခု ဖွင့်လှစ်လိုက်တဲ့

PET/CT & SPECT/CT Imaging Centre နဲ့အတူ ပင်လုံဆေးရုံကြီးဟာဆိုရင် ကင်ဆာရောဂါပျံ့နှံ့မှု ရောဂါအဆင့် တိတိကျကျ သတ်မှတ်ပေးဖို့နဲ့ ကုသပေးဖို့ စတဲ့ အမျိုးမျိုးသော

ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ပါပြီ။ ကျွန်တော်တို့ရဲ့ ရေဒီယိုသတ္တိကြွဆေးသုံး ပုံရိပ်ဖော် ရောဂါရှာဖွေရေး စင်တာကြီးဟာ လူနာတွေအတွက် အချိန်တိုအတွင်း တိကျတဲ့ ရလဒ်အဖြေတွေ

ပေးနိုင်ရုံသာမက အဆင့်မြင့် ဓာတ်မှန်ရိုက်ကူး စမ်းသပ်ခြင်း ဝန်ဆောင်မှု အတွေ့အကြုံတွေကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ သေသေချာချာ လေ့ကျင့်ထားတဲ့ Nuclear Medicine ဌာန

ကျွမ်းကျင်သူတွေနဲ့အတူ အဆင့်မြင့် နောက်ဆုံးပေါ် နည်းပညာကို အသုံးချပြီး အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။

အခုဆိုရင် မြန်မာနိုင်ငံက လူနာတွေဟာ ဒီရေဒီယိုသတ္တိကြွဆေးသုံး ပုံရိပ်ဖော် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှု ခံယူဖို့ တစ်ခြားနိုင်ငံသို့ ခရီးသွားနေစရာ မလိုတော့ပါဘူး” ဟု ပြောသည်။

ပင်လုံဆေးရုံကြီးသည် ကုတင် ၂ဝဝ ဆံ့ အထူး ကျန်းမာရေး ဝန်ဆောင်မှုရ ပုဂ္ဂလိက ဆေးရုံကြီး တစ်ခုဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ စတင်၍ မြန်မာပြည်သူများအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ စတင်ပေးအပ်ခဲ့သည်။

ပင်လုံဆေးရုံကြီးသည် ပင်လုံဆေးရုံများအုပ်စု (PLGH) မှ ဒုတိယမြောက် ဖွင့်လှစ်ခဲ့သော ဆေးရုံကြီးဖြစ်ပြီး အဆိုပါ PLGH အဖွဲ့တွင် ပြည်တွင်းရှိ နာမည်ကျော် ဆေးရုံကြီး နှစ်ခုဖြစ်သည့် ရွှေဂုံတိုင် အထူးကုဆေးရုံကြီး (SSC) နှင့် နေပြည်တော် ဥတ္တရသီရိ ဆေးရုံကြီးတို့လည်း ပါဝင်သည်။

အရင်က ပင်လုံဆေးရုံကြီးသည် အထွေထွေ ရောဂါနှင့် ခွဲစိတ်ကုသခြင်း ဝန်ဆောင်မှုကိုသာ ပေးနိုင်ခဲ့ပြီး ယခုဆိုလျှင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ ကင်ဆာအထူးကုဝန်ဆောင်မှု၊ နှလုံးခွဲစိတ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုနှင့်

မြန်မာနိုင်ငံတွင် အဆင့်အမြင့်ဆုံး အစာအိမ်အူလမ်းကြောင်း၊ အသည်း အထူးဝန်ဆောင်မှုတွင် အောင်မြင်လျက်ရှိသည့် အမျိုးမျိုးသော ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ၊

အထူးကု စင်တာကြီးများကို ဖွင့်လှစ်ခဲ့ကာ မြန်မာနိုင်ငံ၏ ထိပ်တန်း ဆေးရုံကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လာစေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ပင်လုံ ကင်ဆာအထူးကု စင်တာကြီးသည် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာဆေးဝါးကုထုံး ဆွေးနွေးတိုင်ပင်ကုသခြင်းများကို ဝန်ဆောင်မှု ပေးလျက်ရှိသည့်

ပထမဦးဆုံး ပြည်တွင်း ပုဂ္ဂလိက ကင်ဆာအထူးကု စင်တာကြီးဖြစ်ပါသည်။ ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လတွင် PET/CT & SPECT/CT Imaging Centre တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ကင်ဆာရောဂါ

ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အစ၊ အဆုံးကို တစ်နေရာတည်းတွင် ပေးစွမ်းနိုင်သော ကင်ဆာအထူးကုစင်တာကြီးအဖြစ် ၎င်း၏ ရပ်တည်မှုကို ပိုမိုခိုင်မာလာစေခဲ့သည်။

Events Read 75 times