ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း ဆောက်လုပ်ရန် A Logistics Co. , Ltd ထူထောင်လုပ်ကိုင်မည်


01 January, 2020

ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း Ayeyarwaddy International Port (AIIP) ကို ပုသိမ်မြို့တွင်

အကောင်အထည်ဖော် စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်စေရန်အတွက် နှင့် Ever Flow River Group Public Co နှင့် Ayeyar Hinthar Holdings Co., တို့ ဖက်စပ်လုပ်ငန်းအဖြစ် A Logistics Co. , Ltd ကို ထူထောင်ကြရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း Ever Flow River Group Public Co က ထုတ်ပြန်ကြေညာခဲ့သည်။

A Logistics Co. , Ltd တွင် Ever Flow River Group Public Co ၏ လက်အောက်ခံ Unison Choice Services Limited သည် ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို Ayeyar Hinthar Holdings Co., မှပိုင်ဆိုင်သည်။

အဆိုပါ စက်မှုဆိပ်ကမ်းကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေကို တစ်နှစ်ကြာ လေ့လာခဲ့သည်ဟု သိရသည်။ အထည်ချုပ်အပါအဝင် CMP များမှ တင်သွင်းသည့် ကုန်ကြမ်းများအတွက်

သိုလှောင်ရုံများ၊ ကွန်တိန်နာလွင်ပြင်များ၊ စက်မှုဇုန်အတွက် Bonded Warehouse များ စသည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၏ အင်္ဂါရပ်များ ပါဝင်မည် ဖြစ်ပြီး ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။

A Logistics Co. , Ltd အနေဖြင့် One-stop Logistics Service ဝန်ဆောင်မှုကို ပေးအပ်မည်ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွက် ပင်လယ်ထွက်ပေါက်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ တည်နေရာမှာ ပုသိမ်-ငပုတော အဝေးပြေး လမ်းမအနီးတွင် ရှိပြီး ‌မြေဧရိယာအကျယ်အဝန်းမှာ ၆၇၀၀ ခန့် ရှိသည်။

Region Read 71 times