ရခိုင်ပြည်နယ် အစိုးရနှင့် BXT International တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်း


24 November, 2020

ရခိုင်ပြည်နယ် စစ်တွေမြို့ ကစ္ဆပနဒီမြစ်ကမ်းတစ်လျှောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြေဖို့မြေယာစီမံကိန်းမှ မြေကွက်များအား ကျပ်ငွေ ၂ဝဘီလီယံဖိုးခန့် ရောင်းချပြီးနောက် ရပ်ဆိုင်းခဲ့ရပြီး

စီမံကိန်းအကောင်အထည်ဖော်မှု ပြီးစီးမှ အရောင်းပြန်စမည် ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းကို ရခိုင်ပြည်နယ် အစိုးရနှင့် တောင်ကိုရီးယားအခြေစိုက် BXT International ကုမ္ပဏီတို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းသိရသည်။

စစ်တွေမြေဖို့မြေယာစီမံကိန်းသည် ယခုလောလောဆယ်တွင်လုပ်ငန်းဆောင်တာများ မပြီးသေးသည့်အတွက်ကြောင့် ရခိုင်ပြည်နယ် အစိုးရ မှ ဆက်လက်ပြီး ရောင်းချခွင့်မပေးရန် အမိန့်စာထုတ်ထားကြောင်းသိရသည်။

ထို့ကြောင့် ရောင်းချမှုများအား ဆိုင်းငံ့ထားခြင်းဖြစ်သည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် ကုန်ကျစရိတ်အားလုံးအား BXT International မှ ကျခံပြီး ရခိုင်ပြည်နယ် အစိုးရမှ မြေနှင့် ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးခဲ့ကြောင်း သိရသည်။

စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်ကို BXT International မှ ၇ဝ ရာခိုင်နှုန်း နှင့် ရခိုင်ပြည်နယ် အစိုးရမှ ၃ဝရာခိုင်နှုန်း ခွဲဝေ ရယူမည်ဖြစ်ပြီး မြေကွက်ဝယ်ယူသူများအား ရခိုင်ပြည်နယ် အစိုးရမှ နှစ် ၃ဝ ဂရန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို ပထမအဆင့်(Phase-1)နှင့် ဒုတိယအဆင့် (Phase-2)ဟူ၍ အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမအဆင့် တွင်မြေဖို့ခြင်းလုပ်ငန်းများ ၁ဝဝ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း၊

မိုးအကုန်တွင် လုပ်ငန်းများအားလုံးပြီးစီး သွားနိုင်ပြီး မြေကွက်များကို ပြန်လည် စတင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ကုမ္ပဏီမှ မြေဖို့မြေယာစီမံကိန်းကို ပြီးစီးအောင်ဆက်လက်ဆောင်ရွက်နေသည်။မြေဖို့ခြင် လုပ်ငန်း သည် Phase-1 တွင် ၁ဝဝ ရာခိုင်နှုန်း ပြီးစီးနေပြီး Phase-2 တွင် ၉ဝရာခိုင်နှုန်း ခန့်ပြီးသွားပြီ။

ယင်းစီမံကိန်းတွင် စုပေါင်းအိမ်ရာ၊လက်လီလက်ကားဈေးကွက်၊အလယ်အလတ်မြင့်သော ကွန်ဒိုမီနီယံများ၊ဂိုဒေါင်နှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ကုန်သွယ်မှုစီးပွားရေးဇုန်၊ ငါးစက်ရုံနှင့် အပန်းဖြေ နေရာများ ပါဝင်ကြောင်းသိရသည်။

စစ်တွေမြို့တွင် မြေဈေးနှုန်း တစ်စတုရန်းပေလျှင်ငွေကျပ်နှစ်သိန်းမှ ငါးသိန်းအထိရှိပြီး ယင်းစီမံကိန်းမှ မြေကွက်များကို တစ်စတုရန်းပေလျှင်ငွေကျပ်သောင်းဂဏန်း ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Region Factory and Industrial Plant Read 25 times