ရှမ်းပြည်နယ်ဂုတ်တွင်းလမ်းပိုင်းတွင် လေးလမ်းသွားတံတားတစ်စင်းတည်ဆောက်မည်


02 November, 2020

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့်ကျော်မဲမြို့ကြားတွင် သွားလာရေးကြန့်ကြာမှုများ ကြာခဏဖြစ်ပွားနေသောဂုတ်တွင်းလမ်းပိုင်းတွင်လေးလမ်းသွားတံတားတစ်စင်းတည်ဆောက် ပေးမည်ဖြစ်ကြောင်းအိုရီရမ်တယ်ဟိုင်းဝေးကုမ္ပဏီမှ လမ်းစီမံကိန်းမန်နေဂျာမှသိရသည်။

ယင်းတံတားတည်ဆောက်ရေးအတွက်မြေယာတိုင်းတာခြင်းနှင့် စစ်ဆေးခြင်းကိုလုပ်ဆောင်ပြီးဖြစ်၍ နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် အိုရီရမ်တယ်ဟိုင်းဝေးကုမ္ပဏီတို့ဖက်စပ်လုပ်ကိုင်မည်ဖြစ်သည်။

ယင်းတံတားသည်လေးလမ်းသွားတံတားဖြစ်ပြီး မီတာ ၈၇၀ အရှည်ရှိကာမြို့ရှောင်လမ်းသည် ၂၁ ဒသမ ၀၆ ကီလိုမီတာရှည်လျားမည်ဖြစ်သည်။

ဂုတ်တွင်းလမ်းပိုင်းတံတားတည်ဆောက်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံတင်ပြခဲ့ပြီး တံတားတည်ဆောက်ရေးအတွင်းပါဝင်နေသော မြေယာများကိုလျော်ကြေးငွေပေးရန် စိစစ်ေနေသောကြောင့် ယင်းလုပ်ငန်းစဉ်များပြီးစီးပါက စတင်တည်ဆောက်မည်ဖြစ်သည်။

ဂုတ်တွင်းလမ်းပိုင်းအတွင်း မကြာခဏယာဉ်ကြောပိတ်ဆို့မှုများအချိန်ကြာမြင့်စွာဖြစ်ပွားကြောင်း၊ အလားတူယာဉ်မတော်တဆမှုများလည်း ဖြစ်ပွားမှုများရှိသည့်အတွက် ခရီးသွားများစိတ်အနှောင့်အယှက်ဖြစ်ပေါ်နေကြောင်း၊ ယင်းလမ်းသည်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ကုန်သွယ်ရေးနှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်းသိရသည်။

 Myawaddy newspaper

Mixed Use and Urban Local Read 27 times