စက်မှုကဏ္ဍနှင့် နိုင်ငံခြားပို့ကုန်ကဏ္ဍအတွက်တိုးတက်လာစေရန် ရန်ကုန်၌ဧကနှစ်ထောင် စက်မှုဇုန်တည်ထောင်မည်


18 December, 2020

မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍနှင့် နိုင်ငံခြားပို့ကုန်ကဏ္ဍအတွက် အထောက်အပံ့ဖြစ်စေမည့် ရန်ကုန်၌ ဧက ၂,၀၀၀ ရှိ စက်မှုဇုန်တစ်ခု

အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံ Amata ကော်ပိုရေးရှင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ဇန်နဝါရီ ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

Yangon Amata Smart & Eco City ဟု အမည်ပေးထား သော စီမံကိန်းအကောင်အထည် ဖော်ရန် ဝန်ကြီးဌာနနှင့် Amata ကော်ပိုရေးရှင်းတို့အကြား

ဖက် စပ်လုပ်ငန်းသဘောတူစာချုပ်နှင့် မြေငှားစာချုပ်လက်မှတ်ရေးထိုး ခဲ့သည်။


Yangon Amata Smart & Eco City ကို ရန်ကုန်တိုင်း ဒဂုံမြို့ သစ်အရှေ့ပိုင်းနှင့် တောင်ပိုင်း လေးထောင့်ကန်ကျေးရွာအနီး တွင် အကောင်အထည်ဖော်မည် ဖြစ်ပြီး

ပြည်တွင်းအလုပ်အကိုင် သုံးသောင်းကျော် ဖန်တီးနိုင်မည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ကတာဝန်ရှိသူတစ်ဦးက ဆိုသည်။


Amata လုပ်ငန်းသည် စက်မှုဇုန်ဖွံ့ဖြိုး ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ထိုင်း နိုင်ငံ၌ နာမည်ကျော်ကြားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး

ယင်းကုမ္ပဏီနှင့်ချိတ်ဆက်လုပ်ကိုင်နေသည့် လုပ်ငန်းများလည်း ဝင်ရောက်လာဖွယ်ရှိနေ ခြင်းကြောင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများနှင့်

ပို့ကုန်ကဏ္ဍအတွက် ကောင်းမွန်သော ရလဒ်များ ရရှိလာမည်ဖြစ်သည်။


စက်မှုဇုန်စီမံကိန်းအတွက် Amata Corporation Public Co., Ldt က Global Power Synergy (GPSC) နှင့် SCG Cement-Building Material Co., Ltd အကြား

နားလည်မှုစာ ချွန်လွှာရေးထိုးခဲ့သည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က Yangon Amata Smart & Eco City အကောင်အ ထည်ဖော်ရန် ၂၀၁၉ အောက်တိုဘာ ၂၃ ရက်က ခွင့်ပြုခဲ့သည်။

Factory and Industrial Plant Institution Read 57 times