ဂျပန်က ဘူတာရုံလို့ ထင်မှတ်မှားလောက်တဲ့ ဖြူးဘူတာရုံ အသစ်တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီး


01 January, 2020

ရထားစီး ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန်အတွက်မိုင်အရှည် ၃၈၅ ဒသမ ၅ မိုင်ရှည်လျားသော ရန်ကုန်မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းရှိရထားလမ်းပိုင်းစီမံကိန်း(အဆင့် ၁) ဖြစ်သောရန်ကုန်-တောင်ငူလမ်းပိုင်းအရှည် ၁၆၆ မိုင်ကို စီမံကိန်းအဆင့်မြင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီ ရန်ကုန်-တောင်ငူလမ်းပိုင်းရှိ ရထားလမ်းဘူတာ ၁၀ ခုကိုအသစ်ပြန်လည်တည်ဆောက်ခဲ့သည်။

ရန်ကုန်-တောင်ငူလမ်းပိုင်းရှိ ပဲခူး၊ ညောင်လေးပင်၊ ဖြူးအပါအဝင်တောင်ငူ-မန္တလေးလမ်းပိုင်းရှိ တောင်ငူ၊ ရေတာရှည်၊ ပျဉ်းမနား၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်၊ မြို့ဟောင်းဘူတာများကို အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး ကျန်ဘူတာ ၈၉ ခုလုံးကိုလည်း မြန်မာ့မီးရထား၏အစီအစဉ်ဖြင့် အဆင့်ဆင့်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများဆောင်ရွက်သွားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဖြူးဘူတာရုံ အသစ်တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သိရသည်။

 

Image may contain: sky and outdoor, text that says 'MR မမ မြန်မာ့မီးရထား REDMI NOTE 8 Al QUAD CAMERA'

 

မြန်မာ့မီးရထားဌာနမှ ခရီးသွားပြည်သူများကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပြီ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများအသစ်တည်ဆောက်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းတွေကို ဆောင်ရွက်နေကြောင်း သိရသည်။ ဖြူးဘူတာရုံ အသစ်ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ၂၂ရက်နေ့တွင် နိုင်ငံတော်ဘဏ္ဍာငွေ ၃၇၂ သန်းဖြင့် အကုန်ကျခံကာ စတင် တည်ဆောက်ခဲ့သည်။

 

Image may contain: indoor

 

ဖြူးဘူတာရုံအဟောင်း၏ သက်တမ်း ၇၅ နှစ်ရှိပြီဖြစ်တဲ့အတွက် ယခုလို ဘူတာရုံအသစ် တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရသည်။  ရန်ကုန်-မန္တလေး ခရီးလမ်းအဆင့်မြင့်တင်မှုကို ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု OTA ချေးငွေဖြင့် အပိုင်းနှစ်ပိုင်းခွဲခြားပြီး ဆောင်ရွက်လျက်ရှိပါတယ်။

 

Phase 1 ဖြစ်တဲ့ ရန်ကုန်-တောင်ငူ အပိုင်းမှာ ရထားလမ်းတာဘောင်ပြုပြင်ခြင်း၊ ရထားလမ်းအဆင့်မြင့်တင်မှုနှင့် တံတာအဆင့်မြင့်ခြင်းတွေကို နိုင်ငံတော် ဘက်ကျက်ဖြင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပါတယ်။ Phase 1 ၏ အဓိက ဘူတာကြီး ၃ ခုဖြစ်တဲ့ ပဲခူး၊ ညောင်လေးပင် ၊ ဖြူး တို့ အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

 

Image may contain: house, sky and outdoor, text that says 'REDMI NOTE 8 Al QUAD CAMERA'

 

ပဲခူးနဲ့ ညောင်လေးပင် ဘူတာတွေကို ရှေးမှု လက်ရာ အတိုင်း မပျက်ဘဲ တည်ဆောက်သွားမယ်လို့ သိရပါတယ်။ ညောင်လေးပင် ဘူတာတွင်ပါဝင်တဲ့ ဖြူးဘူတာကို ယခု လက်ရှိ အသစ် တည်ဆောက်နေတာဖြစ်ပါတယ်။ ဖြူးဘူတာ အသစ်တည်ဆောက်မှုကို ၁၁ လအကြာ တည်ဆောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

 

ဖြူးဘူတာရုံ အသစ်တွင် ခရီးသည်များအတွက် လေအေးပေးစက်များတပ်ဆင်ထားသော နားနေဆောင်များ၊ စားသောက်အခန်းများ၊ ကိုယ်လက်သန့်စင်နိုင်တဲ့ အဆင့်မြင့် အခန်းများနှင့် လက်မှတ်အရောင်းဌာနအခန်းတွေကို အဆင့်မြင့်မြင့် တည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။ မြန်မာ့မီးရထားဌာနမှ ပြည်သူများအတွက် ဝန်ဆောင်မှုများပေးတဲ့ဌာနဖြစ်တဲ့အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

 

ဖြူးဘူတာရုံအသစ် စီမံကိန်းပြီးနောက် ၂၀၂၃ ခုနှစ်ရောက်တဲ့အခါတွင် မြန်နှုန်းမြင့် ၁ နာရီကို ၁၀၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်သွားမှာ ဖြစ်ပြီးတော့ အဆင့်မြင့်ရထားတွေကို ပြေးဆွဲသွားမှာဖြစ်ပါတယ်။

Infrastructure and Zones Read 942 times